DVB Logo
Home
နိုင်ငံတကာ
ဖမ်းဆီးခံ အီကွေဒေါ ဒုသမ္မတဟောင်း နာမကျန်းဖြစ်ပြီး ဆေးရုံရောက် 
DVB
·
April 10, 2024
ဖမ်းဆီးခံ အီကွေဒေါ ဒုသမ္မတဟောင်း နာမကျန်းဖြစ်ပြီး ဆေးရုံရောက် 
Donate to DVB

ဖမ်းဆီးခံထားရတဲ့ အီကွေဒေါနိုင်ငံရဲ့ ဒုတိယသမ္မတဟောင်း ဟော်ရ်ဟဲ ဂလက်စ်ဟာ ဂွါယာကီးလ် အကျဉ်းထောင်မှာ နာမကျန်းဖြစ်ပြီးနောက် ဧပြီ ၈ ရက်မှာ သူ့ကို ဆေးရုံပို့ပေးခဲ့တယ်လို့ ထောင်အာဏာပိုင်တွေက ပြောပါတယ်။ 

ဒုသမ္မတဟောင်းရဲ့ ရှေ့နေတွေက သူနဲ့ အဆက်အသွယ်မရတော့ဘူးလို့ တိုင်တန်းခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ပြောလာတာပါ။ 

လူမှုမီဒီယာ X မှာ ထုတ်ပြန်ထားတဲ့ ကြေညာချက်ထဲမှာ ဒုသမ္မတဟောင်း ဂလက်စ်ကို ဒေသစံတော်ချိန် နေ့လယ်ပိုင်းလောက်မှာ ဂွါယာကီးလ်ရှိ ရေတပ်ဆေးရုံကို ခေါ်ဆောင်သွားခဲ့တာဖြစ်ကြောင်း SNAI အကျဉ်းထောင်အေဂျင်စီက ပြောပါတယ်။ 

ရီဗော်လူစီယွန်ဆီအူဒါဒါးနား ပါတီမှ အမတ် ဆိုဖီယာအက်စ်ပင်န်က “ဒုသမ္မတ ဂလက်စ်နဲ့ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ မရှိကြောင်းနဲ့ သူ နေမကောင်းလို့ ရေတပ်ဆေးရုံကို ပို့ထားပေမဲ့ ဆေးဘက်ဆိုင်ရာ အချက်အလက်တွေ မရှိတဲ့အတွက် စိုးရိမ်လို့ ဒီကို လာတောင်းနေတာပါ” လို့  ပြောပါတယ်။

ဂလပ်စ်ဟာ  လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ထောင်ထဲမှာကျွေးတဲ့ အစားအစာကို မစားဘူးလို့ ငြင်းဆန်ပြီးနောက်မှာ ဖျားနာခဲ့ကြောင်း ထုတ်ပြန်ဖော်ပြထားပေမဲ့ သူဟာ အခြေအနေ တည်ငြိမ်ကြောင်းလည်း ပြောပါတယ်။

အကျင့်ပျက် ခြစားမှု နှစ်ကြိမ်နဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီး အခုအခါ စွဲချက်အသစ်တွေကို ရင်ဆိုင်နေရတဲ့ ဒုသမ္မတဟောင်း ဂလက်စ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အီကွေဒေါမြို့တော် ကီတိုရှိ မက္ကဆီကိုသံရုံးထဲမှာ နေထိုင်နေခဲ့တာဖြစ်ပြီး ဧပြီ ၅ ရက်မှာတော့ သံရုံးကို အက်ကွေဒေါရဲတွေ ဝင်ရောက်စီးနင်းပြီး ဂလပ်စ်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ 

ဒီလို ပုံမှန်မဟုတ်တဲ့ ဖမ်းဆီးမှုကြောင့် မက္ကဆီကိုဟာ အီကွေဒေါနဲ့ သံတမန်ဆက်ဆံရေးကို ဆိုင်းငံ့ထားပြီး ဒေသတွင်းနဲ့ တခြားနယ်မြေဒေသတွေရှိ နိုင်ငံတွေကလည်း ဝေဖန်နေကြတာ ဖြစ်ပါတယ်။ 

၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ဒုသမ္မတဖြစ်ခဲ့တဲ့ လက်ဝဲဝါဒီ ဂလပ်စ်ဟာ နိုင်ငံပိုင် စာချုပ်တွေအတွက် ဘရာဇီးဆောက်လုပ်ရေးကုမ္ပဏီ အိုဒီဘရက်ချ် ဆီကနေ လာဘ်ငွေယူမှုအတွက် ပထမဆုံး ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံခဲ့ရပါတယ်။ 

၂၀၂၀ ပြည့်နှစ်မှာ သမ္မတ ရာဖယ်လ်ကော်ရီယာရဲ့ နိုင်ငံရေးလှုပ်ရှားမှုအတွက် မဲဆွယ်စည်းရုံးရေး ရန်ပုံငွေရဖို့ ကန်ထရိုက်တာတွေဆီကနေ ငွေကြေးတွေကို အသုံးပြုခြင်းအတွက် ထောင်ဒဏ် ရှစ်နှစ် ထပ်ပြီး ချမှတ်ခံခဲ့ရပါတယ်။ 

၂၀၂၂ ခုနှစ်မှာ မလွတ်မြောက်ခင် ထောင် ၄ နှစ်ကျော် ကျခံခဲ့တဲ့ ဂလက်စ်က အဲဒီစွဲချက်တွေဟာ နိုင်ငံရေးလှုံ့ဆော်မှု ဖြစ်တယ်လို့ ကာလရှည်ကြာ စွပ်စွဲထားပြီး အစိုးရရှေ့နေတွေကလည်း ငြင်းဆိုထားပါတယ်။ 

အခုတခါလည်း ၂၀၁၆ ခုနှစ်တုန်းက ငလျင်လှုပ်ခတ်ပြီးနောက်မှာ မနာဘီပြည်နယ် ပြန်လည်တည်ဆောက်ရေးအတွက် စုဆောင်းထားတဲ့ ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်မှုနဲ့ စွဲချက်တင်ခံထားရတာ ဖြစ်ပါတယ်။ 

Source/Photo-REUTERS/Daniel Tapia

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013