DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်ကို မွန်အဖွဲ့အစည်း ၃ ခု ပူးပေါင်းတိုက်ခိုက်မည်
DVB
·
April 8, 2024
စစ်အာဏာရှင်ကို မွန်အဖွဲ့အစည်း ၃ ခု ပူးပေါင်းတိုက်ခိုက်မည်
Donate to DVB

စစ်အာဏာရှင်စနစ် တိုက်ဖျက်ဖို့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ကာကွယ်ရေးတပ် (MSDF) တို့ အတူတကွ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ဧပြီ ၇ ရက်မှာ ပူးတွဲကြေညာပါတယ်။

မွန်လူမျိုးတွေ ဦး‌ဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနဲ့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်သွားဖို့ MSFC ရဲ့ ဒုတိယအကြိမ်ညီလာခံမှာ ဆုံးဖြတ်ခဲ့ပြီး ခုလို ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ MSFC ဥက္ကဋ္ဌ နိုင်မွန်စိုင်းက ပြောပါတယ်။

“MSFC ရဲ့ ဒုတိယညီလာခံကနေ ဆုံးဖြတ်ခဲ့တာပါ။ MSDF အပြင် တခြား မွန်လက်နက်ကိုင်‌တွေ စာရေးပို့ထားတာ ရှိပါတယ်။ တချို့အဖွဲ့တွေလည်း စကားပြောနေဆဲ အခြေအနေ ရှိပါတယ်။ ပူးပေါင်းနိုင်ဖို့ကို ကျနော်တို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

မွန်ပြည်ဖက်ဒရယ်ကောင်စီက မွန်ကာကွယ်ရေးတပ်ကို ရိက္ခာ၊ ဆေးဝါးတွေနဲ့ ဒဏ်ရာရရှိတဲ့ ရဲဘော်တွေကို ဆေးကုသမှု လုပ်‌ဆောင်ပေးတာ စတဲ့ စစ်လက်နက်ပစ္စည်းမဟုတ်တဲ့ အကူအညီ ပေးသွားမယ်လို့ ဆိုပါတယ်။

မွန်ပြည်သူတွေ လိုလားတဲ့ မွန်တော်လှန်‌ရေးအဖွဲ့အစည်းတွေ ပေါင်းစည်းဖို့အတွက် ပထမအဆင့်အနေနဲ့ နိုင်ငံရေး၊ စစ်ရေး၊ အမျိုးသားရေး ရပ်တည်ချက်ချင်းတူတဲ့ MSFC၊ MSRF တို့နဲ့ ပူးပေါင်းခဲ့တာ‌လို့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တပ်မှူး ဒေါက်တာသီရိမွန်ချမ်းက ပြောပါတယ်။

“ကျန်ရှိနေသေးတဲ့ မွန်လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ မွန်နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ မွန်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းသွားမှာပါ။ ဘုံရန်သူ‌ကို တိုက်ခိုက်တဲ့နေရာမှာ တဖွဲ့ချင်း စတိုက်မယ့်အစား မွန်လက်နက်ကိုင်အကုန်လုံး ပေါင်းတိုက်မယ်ဆိုရင် မျှော်မှန်းထားတာတွေ လွယ်လင့်တကူရမှာပါ။ မွန်ပြည်သူတွေ လိုချင်တာကလည်း မွန်လက်နက်ကိုင်တွေ တစုတစည်းတည်း မြင်ချင်တာပါ။ အဲဒီအတွက် ပူးပေါင်းခဲ့တာပါ။”

မွန်ပြည်တော်လှန်ရေးတပ် (MSRF) တာဝန်ခံ နိုင်နဂါးက “ကျနော်တို့ MSRF ဟာ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ လက်အောက်ခံတပ်တတပ် ဖြစ်တယ်။ အဲဒီလိုပဲ MSDF ကိုလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့တပ်အနေနဲ့ MSFC အနေနဲ့ကော MSRF အနေနဲ့ကော ကြိုးစားနေပါတယ်။ သူတို့ဘက်ကလည်း ပါလာနိုင်ဖို့ အထူးတလည် စဉ်းစားနေပါတယ်။ သူတို့လည်း အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ ပါလာနိုင်ဖို့လည်း ထင်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ MSDF နဲ့ MSRF တို့ဟာ အခြေခံစစ်သင်တန်းတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ အတူတကွလုပ်ဆောင်ဖို့၊ စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ စစ်ရေးအတွေ့အကြုံတွေ အပြန်အလှန် ဖလှယ်သွားဖို့၊ စစ်ဆင်ရေးတိုက်ပွဲတွေ ဖြစ်ပေါ်လာပါက မဟာမိတ်အနေနဲ့ အတူတကွ တိုက်ပွဲဝင်သွားဖို့ သဘောတူခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013