DVB Logo
Home
မြန်မာသတင်း
ပထမအကြိမ် စစ်မှုထမ်း အပတ်စဥ် ၁ ကို စစ်သင်တန်းကျောင်း ၁၅ ကျောင်းတွင် ဖွင့်လှစ်
DVB
·
April 8, 2024
ပထမအကြိမ် စစ်မှုထမ်း အပတ်စဥ် ၁ ကို စစ်သင်တန်းကျောင်း ၁၅ ကျောင်းတွင် ဖွင့်လှစ်
Donate to DVB

ပထမအကြိမ် စစ်မှုထမ်းသင်တန်း အပတ်စဥ်တစ်ကို ဧပြီရှစ်ရက်က စတင်ပြီး ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက စစ်အခြေခံသင်တန်းကျောင်းနဲ့ တန်းမြင့်သင်တန်းကျောင်းတွေမှာ ဖွင့်လှစ်ခဲ့တယ်လို စစ်မှုထမ်း ဆင့်ခေါ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းက စစ်အခြေခံသင်တန်းကျောင်းနဲ့ တန်းမြင့်သင်တန်းကျောင်းတွေမှာ ဧပြီတစ်ရက်မှ ခုနှစ်ရက်အတွင်း ဆေးစစ်တာ၊ ယူနီဖောင်းထုတ်ပေးတာနဲ့ ဝတ်စားဆင်ယင်မှု သရုပ်ပြ သင်ကြားပေးပြီး ဒီနေ့မှာ စတင်ဖွင့်လှစ်ခဲ့တာလို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“နေရာအလိုက် ဆေးစစ်တဲ့ရက်တွေ ယူနီဖောင်းထုတ်ပေးတဲ့ ရက်တွေတော့ မတူဘူး။ ဒါပေမဲ့ သင်ပေးတာကတော့ အခြေခံသဘောတရားလေးတွေပေါ့။ အဲဒါတွေ သင်ပေးပြီးမှ သင်တန်းဖွင့်တာပါ။” 

စစ်မှုထမ်းသင်တန်းအတွက် မတ် ၂၉ ရက်က စတင်ပြီး ရန်ကုန်၊ ဧရာဝတီ၊ နေပြည်တော်၊ မကွေး၊ စစ်ကိုင်းတို့မှာ လူငယ်တွေကို စတင်ပို့ခဲ့တာလို့ မင်းကုန်းတပ်နယ်နဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“ရန်ကုန်က ၂၇၊ ၂၈ ကတည်း သင်တန်းကျောင်းပို့ပြီးသား။ ၂၉ မှာ ယူနီဖောင်းထုတ်ပေးတယ်။ ဆေးစစ်တယ်။ နောက်ရက်တွေ ယူနီဖောင်းဝတ်ပုံတွေသင်ပေး သရုပ်ပြတာတွေ ရှင်းပြ ဂရုစိုက်ပြီး သင်ပေးရတယ်။ သင်တန်းသားတယောက် သေထားတဲ့ ပြဿနာလည်း ရှိတော့ အစစအရာအရာ ပြင်ဆင်ရတယ်။”

စစ်ခေါင်းဆောင်က ဧပြီ ၃ ရက်မှာ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့အခြေစိုက် အမှတ် ၃ တန်းမြင့်သင်တန်းကျောင်း (ကျိုင်းတောင်) နဲ့ အမှတ် ၁၂ တန်းမြင့်သင်တန်းကျောင်း (ပလောက်) တို့ကို ထပ်မံတိုးမြှင့်ဖွင့်လှစ်ခဲ့ပါတယ်။

အပတ်စဥ်တစ် စစ်မှုထမ်းသင်တန်းကို စစ်အခြေခံသင်တန်းကျောင်း ငါးကျောင်း၊ တန်းမြင့်သင်တန်းကျောင်း ဆယ်ကျောင်း၊ အရာခံနဲ့ အကြပ်ကြီးသင်တန်းကျောင်းနဲ့ တပ်မတော် ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံကျောင်းတွေမှာ ဖွင့်လှစ်ထားတာပါ။

အမှတ်တစ် စစ်အခြေခံလေကျင့်ရေးတပ် (မင်းကုန်း)၊ အမှတ်နှစ် စစ်အခြေခံလေ့ကျင့်ရေးတပ် (စဥ့်ကူးမြို့)၊ အမှတ်ခြောက် စစ်အခြေခံလေ့ကျင့်ရေးတပ်(ပုသိမ်)၊ အမှတ်ခုနှစ် စစ်အခြေခံလေ့ကျင့်ရေးတပ် တောင်တွင်းကြီး၊ အမှတ်ရှစ် စစ်အခြေခံလေ့ကျင့်ရေးတပ် ရွှေဘို၊ အမှတ်တစ် တန်းမြင့်သင်တန်းကျောင်း(ဂျိုးဖြူ)၊ အမှတ်နှစ် တန်းမြင့်သင်တန်းကျောင်း (မိုးစွေ)၊ အမှတ်သုံး တန်းမြင့်သင်တန်းကျောင်း(ကျိုင်းတောင်)၊ အမှတ်လေး တန်းမြင့်သင်တန်းကျောင်း (ဝဲကလိ)၊ အမှတ် ငါး တန်းမြင့်သင်တန်းကျောင်း (ကွင်းကောက်)၊ အမှတ်ခြောက် တန်းမြင့်သင်တန်းကျောင်း (အုတ်တွင်း)၊ အမှတ် ၁၂ တန်းမြင့်သင်တန်းကျောင်း(ပလောက်)၊ အမှတ် ၁ေ တန်းမြင့်သင်တန်းကျောင်း(သပိတ်ကျင်း)၊ အမှတ်တစ် အရာခံနှင့်အကြပ်ကြီး သင်တန်းကျောင်း (ဗထူး) နဲ့ တပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ (တကန) (ဟိုပုံး) တို့ပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013