DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းနိုင်ငံရှိ ရုရှားသိမ်းထားသည့် နျူဓာတ်အားပေးစက်ရုံ ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
April 8, 2024
ယူကရိန်းနိုင်ငံရှိ ရုရှားသိမ်းထားသည့် နျူဓာတ်အားပေးစက်ရုံ ဒရုန်းဖြင့် တိုက်ခိုက်ခံရ
Donate to DVB

ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်း နျူးကလီးယား ဓာတ်အားပေးစက်ရုံ ဇာပိုရစ်ချ်ဇီယာကို ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့အတွက် “အကြီးစား နျူမတော်တဆမှု ဖြစ်နိုင်တယ်လို့” ကုလသမဂ္ဂ လက်အောက်က နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က သတိပေးလိုက်ပါတယ်။

လူသုံးယောက်ထိခိုက်ခဲ့တဲ့ ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ ယူကရိန်းရှိနေတယ်လို့ ရုရှားက စွပ်စွဲပါတယ်။ ယူကရိန်းကတော့ ပတ်သက်မှုမရှိဘူးလို့ ငြင်းပါတယ်။

နျူဓာတ်ပေါင်းဖို ခြောက်လုံးတောင်ရှိတဲ့ ဒီနျူးကလီးယားဓာတ်အားပေးစက်ရုံကြီးဟာ ဥရောပမှာ အကြီးဆုံးဖြစ်ပါတယ်။

IAEA အကြီးအကဲ ရာဖေးဂရော့ဆီကတော့ ဧပြီ ၇ ရက် တိုက်ခိုက်မှုဟာ “အဆင်ခြင်မဲ့” ပြီး အန္တရာယ်ကြီးတယ်လို့ ဝေဖန်ခဲ့ပါတယ်။

ယူကရိန်းတောင်ပိုင်းမှာရှိတဲ့  ဒီစက်ရုံကြီးကို ဖေဖော်ဝါရီ ၂၀၂၂ ခုနှစ် ရုရှားကျူးကျော်စစ် စတင်ကတည်းက ရုရှားဘက်က သိမ်းထားတာပါ။

လူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် ဓာတ်ပေါင်းဖိုတခုမှာ ထိခိုက်မှုရှိတယ်လို့ IAEA က အတည်ပြုပါတယ်။

ရေဒီယိုသတ္တိကြွဖြာထွက်မှု အခြေအနေဟာ ပုံမှန်ပဲရှိနေပြီး ဆိုးဆိုးရွားရွား ထိခိုက်တာ မရှိဘူးလို့ ရုရှားက ခန့်အပ်ထားတဲ့ စက်ရုံအုပ်ချုပ်ရေးဘက်က ထုတ်ပြန်ပါတယ်။

IAEA အကြီးအကဲကတော့ စက်ရုံရဲ့ ပင်မဓာတ်ပေါင်းဖိုကို ကာကွယ်ထားတဲ့ အဆောက်အအုံကို တိုက်ရိုက်ထိတာ အနည်းဆုံး သုံးချက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

နျူးကလီးယားစက်ရုံတွေကို တိုက်လို့ စစ်ရေးအရရော နိုင်ငံရေးအရပါ အသားစီးရစရာ အကြောင်းမရှိဘူးလို့လည်း သတိပေးပါတယ်။

ရုရှားရော ယူကရိန်းကပါ ဒီစက်ရုံကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲကြတာတွေ တောက်လျှောက်ရှိနေခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013