DVB Logo
Home
နိုင်ငံတကာ
တောင်တရုတ်ပင်လယ်အရေးမှ တတိယကမ္ဘာစစ် ဖြစ်သွားနိုင်ကြောင်း တရုတ်သတိပေး
DVB
·
April 8, 2024
တောင်တရုတ်ပင်လယ်အရေးမှ တတိယကမ္ဘာစစ် ဖြစ်သွားနိုင်ကြောင်း တရုတ်သတိပေး
Donate to DVB

ဖိလစ်ပိုင်နဲ့ တောင်တရုတ်ပင်လယ်အရေး တင်းမာမှုကနေ တတိယကမ္ဘာစစ် ဖြစ်သွားနိုင်တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတခုမှာ ရေးသား သတိပေးခဲ့ပါတယ်။

တရုတ်နိုင်ငံပိုင် ချိုင်းနားဒေးလီးသတင်းဌာနက ဒီတပတ်အစောပိုင်းမှာ “မနီလာအနေနဲ့ စစ်ရဲ့အနိဋ္ဌာရုံတွေကို သတိထားရမယ်” ဆိုတဲ့ ဆောင်းပါးတပုဒ်ကို ဖော်ပြခဲ့ပါတယ်။

ရေးသားသူက ခေတ်ပြိုင် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ တရုတ်အင်စတီကျုက အဏ္ဍဝါ မဟာဗျူဟာ လေ့လာရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ယန်ရှောင် ဖြစ်ပါတယ်။

၁၉၁၄ ခုနှစ်တုန်းက ဩစထရိုဟန်ဂေရီ အင်ပါယာရဲ့ အိမ်ရှေ့စံ ဖရန့်ဇ်ဖာဒီနန်ဟာ ဆာဘီးယားနိုင်ငံငယ်လေးက ဆာရာယေဗိုမြို့မှာ လုပ်ကြံခံခဲ့ရတဲ့အတွက် ဥရောပအင်အားကြီးနိုင်ငံတွေ စစ်ဖြစ်ခဲ့ရပြီး ကမ္ဘာစစ်ကြီး ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

အခု အနှစ် ၁၁၀ အကြာမှာလည်း ဖိလစ်ပိုင်ဆိုတဲ့ နိုင်ငံငယ်လေးက ရန်လိုနေတဲ့အတွက် အင်အားကြီးနိုင်ငံနှစ်ခုအကြား စစ်ဖြစ်ရမယ့် အခြေအနေကို တွန်းပို့နေတယ်၊ ကမ္ဘာစစ်ကြီးဖြစ်အောင် လုပ်နေတယ်ဆိုတဲ့သဘော ရေးသားထားပါတယ်။

တောင်တရုတ်ပင်လယ်တခွင်ကို သမိုင်းအစဉ်အလာအရ သူပိုင်တယ်လို့ ကြေညာထားတဲ့ တရုတ်ဟာ ဒေသတွင်း အိမ်နီးချင်းတွေနဲ့ ရေပိုင်နက် အငြင်းပွားနေတာ ဖြစ်ပါတယ်။

အဲဒီထဲမှာမှ ပြီးခဲ့တဲ့လပိုင်းအတွင်း ဖိလစ်ပိုင်နဲ့ တောက်လျှောက် ထိပ်တိုက်တိုးခဲ့ပြီး ဖိလစ်ပိုင်ရေယာဉ်တွေကို ရေအမြောက်နဲ့ထိုးပြီး မောင်းထုတ်တာမျိုးတွေ လုပ်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်နဲ့ အပြန်အလှန် ကာကွယ်ရေးစာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး ဒါကို တရုတ်ဘက်က မလေးမစားလုပ်နေတာလို့ တရုတ်ရေးရာကျွမ်းကျင်သူနဲ့ ဂိတ်စတုန်း အင်စတီကျုက ပညာရှင် ဂေါ်ဒွန်ချန်က သုံးသပ်ပါတယ်။

“အမေရိကန်-ဖိလစ်ပိုင် အပြန်အလှန်ကာကွယ်ရေးစာချုပ် ပုဒ်မ ၄ အရ အမေရိကန်ရဲ့ တာဝန်ဝတ္တရားကို ထမ်းဆောင်ဖို့ရာ အင်အားသုံးဖို့ ပြင်ဆင်ထားတယ်ဆိုပြီး နိုင်ငံခြားရေးဌာနက ပြီးခဲ့တဲ့လ ၅ ရက်နေ့နဲ့ ၂၉ ရက်နေ့မှာ တရုတ်ကို စာနဲ့ နှစ်ကြိမ်တိတိ သတိပေးခဲ့ပါတယ်” လို့ ချန်က ဖောက်စ်သတင်းဌာနကို ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013