DVB Logo
Home
နိုင်ငံတကာ
ရုရှား ဒုံးကျည်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ ခါခိဗ်မြို့တွင် အရပ်သား ၆ ဦးသေဆုံး
DVB
·
April 7, 2024
ရုရှား ဒုံးကျည်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ ခါခိဗ်မြို့တွင် အရပ်သား ၆ ဦးသေဆုံး
Donate to DVB

ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါခိဗ်မြို့မှာ ညသန်းခေါင်ကျော်ချိန် ရုရှားရဲ့ ဒုံးကျည် ၂ စင်းနဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့တော်ဝန်အီဟော တယ်ရက်ဟို့ဗ်က ဧပြီ ၆ ရက်မှာ ပြောပါတယ်။ 

ယူကရိန်းစစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်တွေက မောင်းသူမဲ့လေယာဉ် ၃၂ စင်းထဲက ၂၈ စင်းနဲ့ ရုရှားကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၆ စင်းထဲက ၃ စင်းကို ဖျက်ဆီးခဲ့တယ်လို့ Facebook လူမှုကွန်ရက်ပေါ်က သူတို့ရဲ့ စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

ယူကရိန်းအရှေ့မြောက်ပိုင်းမှာရှိတဲ့ ခါခိဗ်မြို့ဟာ မေလ ဒါမှမဟုတ် ဇွန်လမှာ ရုရှား ထိုးစစ်အသစ်အတွက် ဖြစ်နိုင်ခြေအရှိဆုံး ပစ်မှတ်ဖြစ်တယ်လို့ ရှုမြင်တဲ့အကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့ စစ်ဦးစီးချုပ် အန်ဒရေ ယာမက်ခ်က ကြာသပတေးနေ့ထုတ် ပိုလစ်တစ်ကို သတင်းစာနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ယူကရိန်းက လေကြောင်းရန်ကာကွယ်ရေးအတွက် မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးဆီက အကူအညီ တောင်းခံထားပြီး နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးစားနေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က ယူကရိန်းဟာ နေတိုး အဖွဲ့ဝင်နိုင်ငံ ဖြစ်လာတော့မယ်လို့ နေတိုးရဲ့ ၇၅နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ညီလာခံအတွင်း အခိုင်အမာ ပြောခဲ့ပါတယ်။

ဒါ့အပြင် နေတိုးရဲ့ ထိပ်တန်းသံတမန်တွေက ယူကရိန်းကိုဆက်ပြီး ထောက်ပံ့သွားမယ်လို့ ညီလာခံအတွင်း ကတိပြုခဲ့ကြပါတယ်။

ရုရှားနှင့် နေတိုးတို့ဟာ ခုချိန်မှာ တိုက်ရိုက်ထိပ်တိုက်ရင်ဆိုင်နေကြပြီလို့  ရုရှားသမ္မတ နန်းတော်ဖြစ်တဲ့ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က သတင်းထောက်တွေကို ဧပြီ ၄ ရက်မှာ ပြောခဲ့ပါတယ်။ 

နေတိုးက ရုရှားရဲ့ ရန်လိုမှုကို ရင်ဆိုင်ရာမှာ ရှင်သန်ရပ်တည်ရေးအတွက် ယူကရိန်းကို ကူညီပေးနေပြီး ယူကရိန်းအစိုးရကို အဆင့်မြင့် လက်နက်တွေ၊ လေ့ကျင့်ရေးနဲ့ ထောက်လှမ်းရေး သတင်း အချက်အလက်တွေ ထောက်ပံ့ ပေးထားတယ်လို့ ပြောပါတယ်။

ရုရှားနဲ့ နေတိုးတို့ကြား တိုက်ရိုက်ပဋိပက္ခကြောင့် ကမ္ဘာကြီးဟာ တတိယကမ္ဘာစစ်ကနေ ခြေတလှမ်းသာ ဝေးကွာတယ်လို့ ပူတင်က ဖေဖော်ဝါရီလမှာ ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013