DVB Logo
Home
နိုင်ငံတကာ
တိုင်တန်းနစ်သင်္ဘော မြုပ်သည့်နှစ်တွင် မွေးသည့်အဘိုးအို ကမ္ဘာ့အသက်ကြီးဆုံး ဖြစ်လာ
DVB
·
April 7, 2024
တိုင်တန်းနစ်သင်္ဘော မြုပ်သည့်နှစ်တွင် မွေးသည့်အဘိုးအို ကမ္ဘာ့အသက်ကြီးဆုံး ဖြစ်လာ
Donate to DVB

တိုင်တန်းနစ်သင်္ဘောကြီး မြုပ်တဲ့နှစ်မှာ မွေးဖွားတဲ့ အသက် ၁၁၁ နှစ်အရွယ် အင်္ဂလိပ်အဘိုးအိုဟာ ကမ္ဘာ့အသက်ကြီးဆုံးအမျိုးသားအဖြစ် အသိအမှတ်ပြုခံရပါတယ်။ 

ဧပြီ ၂ ရက်မှာ အသက် ၁၁၄ နှစ်အရွယ် ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသား ဟွမ်ဗင်းဆင့်တေး ပီရက်ဇ် ကွယ်လွန်သွားပြီးတဲ့နောက် အင်္ဂလန်က ဂျွန် အဲလ်ဖရက်ဒ် တင်းနစ်ဝုဒ် ကို အသက်အကြီးဆုံးအမျိုးသားအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့က  အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။ 

၁၉၁၂ ခုနှစ်၊ ဩဂုတ် ၂၆ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ တင်းနစ်ဝုဒ်က “အသက်ရှည်တာ ကံ ပါပဲ။ အသက်ရှည်ချင်ရှည်မယ်၊ တိုချင်တိုမယ် ကိုယ် အများကြီးလုပ်လို့ရတာ မရှိပါဘူး” လို့ ပြောပါတယ်။ 

တင်းနစ်ဝုဒ်ဟာ  သူ့မွေးရပ်မြေ လီဗာပူးလ်က မိုင် ၂၀ လောက်ကွာတဲ့ ပင်လယ်ဆိပ်ကမ်းမြို့လေး ဆောက်ပို့တ်က  စောင့်ရှောက်ရေးဂေဟာတခုမှာ နေထိုင်ပါတယ်။ 

Shell နဲ့ BP ရေနံကုမ္ပဏီတွေမှာ စာရင်းကိုင်လုပ်ခဲ့တဲ့ သူဟာ ၁၉၇၂ ကတည်းက အနားယူခဲ့ပေမဲ့ အခုထိ သူ့ငွေစာရင်း သူလုပ်နေဆဲဖြစ်သလို သတင်းတွေကိုလည်း ရေဒီယိုကနေ နေ့တိုင်း နားထောင်ဖြစ်တယ်လို့ ဆိုပါတယ်။

စားတာ သောက်တာလည်း အထူးတလည်မရှိဘဲ သောကြာနေ့တိုင်း ငါးအသားပြား အာလူးကြော် (Fish and Chips) စားတယ်လို့ ဆိုပါတယ်။

လူငယ်တွေနဲ့ပတ်သက်လို့ ဘာများပြောချင်သလဲဆိုတဲ့ မေးခွန်းကိုတော့ “လုပ်နိုင်သမျှ အကောင်းဆုံးလုပ်ပါ။ ကိုယ်က သင်ယူတာဖြစ်ဖြစ်၊ သူများကို သင်ပေးတာဖြစ်ဖြစ်၊  အိတ်သွန်ဖာမှောက် ကြိုးစားအားထုတ်ပါ၊ အဲဒီလိုမှ မဟုတ်ရင်လည်း လုပ်ကိုလုပ်မနေပါနဲ့” လို့ ဖြေကြားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013