
မလေးရှားအခြေစိုက် Ho Hup ဆောက်လုပ်ရေး ကုမ္ပဏီဟာ ဇေကမ္ဘာကုမ္ပဏီနဲ့ ပူးပေါင်းပြီး ရန်ကုန် မင်္ဂလာဒုံဥယျာဉ်မြို့တော် ဧရိယာမှာ အမေရိကန် ဒေါ်လာ သန်း ၂၀၀ တန် အဆင့်မြင့် အိမ်ရာစီမံကိန်းတခု အကောင်အထည် ဖော်မယ်လို့ မလေးရှား The Star သတင်းစာက ဖော်ပြပါတယ်။
Ho Hup ကုမ္ပဏီရဲ့ ထုတ်ပြန်ကြေညာချက် ထဲမှာ မင်္ဂလာဂါးဒင်းစီးတီးလို့ နာမည်ပေးထားတဲ့ အဲဒီအဆင့်မြင့် အိမ်ရာစီမံကိန်း ကို မြေအကျယ် စတုရန်း ပေ ၅၀၀၀ ပေါ်မှာတည်ဆောက်မှာဖြစ်ပြီး အိမ်ရာ အလုံး ၁၉၀ ကျော် ပါဝင်မယ်လို့ ဆိုပါတယ်။
ဒီ လုပ်ငန်းတခုလုံးကို Ho Hup ကုမ္ပဏီက အပြည့်အ၀ ပိုင်ဆိုင်ပြီး ဇေကမ္ဘာကတော့ မြေငှားရမ်းခကနေ အကျိုးအမြတ် ရမယ်လို့ ဖော်ပြထားပါတယ်။
စီမံကိန်းကနေ ဇေကမ္ဘာဟာ မြေငှားခ တစ်စတုရန်း ဒေါ်လာ ၄၀ နှုန်းအပြင် စီမံကိန်း အမြတ်အစွန်းကနေ ၄၀ ရာခိုင်နှုန်း ရမယ်လို့ သိရပါတယ်။











