DVB Logo
Home
နိုင်ငံတကာ
ပြိုကျပျက်စီးသွားသည့် ဘာလ်တီမိုးရ် တံတားကြီးကို တာဝန်ရှိသူများ ပြန်ပြင်ပေးရမည်ဟု သမ္မတ ဘိုင်ဒင် ပြော 
DVB
·
April 7, 2024
ပြိုကျပျက်စီးသွားသည့် ဘာလ်တီမိုးရ် တံတားကြီးကို တာဝန်ရှိသူများ ပြန်ပြင်ပေးရမည်ဟု သမ္မတ ဘိုင်ဒင် ပြော 
Donate to DVB

မေရီလန်းပြည်နယ်၊ ဘာလ်တီမိုးရ်မြို့ရှိ ဖရန်စစ်စကော့ထ်ကီး တံတားကြီး ပြိုကျပျက်စီးမှုအတွက် တာဝန်ရှိတဲ့သူတွေက ပြန်ပြုပြင်တည်ဆောက်ဖို့ တာဝန်ပြန်ယူပေးရမှာ ဖြစ်တယ်လို့ တံတားမတော်တဆမှုဖြစ်ပွားရာ နေရာကို ဧပြီ ၅ ရက် လာရောက်ကြည့်ရှုတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားလိုက်ပါတယ်။

မတ် ၂၆ ရက်က ကုန်တင်သင်္ဘောတစင်းဟာ  ဖရန်စစ်စကော့ထ်ကီးတံတားကို ဝင်တိုက်မိပြီး ဆိပ်ကမ်းလည်း ပျက်စီးခဲ့ရပါတယ်။

အပျက်အစီးတွေကို ရှင်းလင်းဖို့နဲ့ အလယ်ပိုင်း အတ္တလန်တိတ်ပြည်နယ်ရဲ့ ရေကြောင်း ချန်နယ်ကနေ လမ်းကြောင်းတွေကို ပြန်လည်ထိန်းသိမ်းဖို့လည်း လုပ်ဆောင်နေပါတယ်။

ဒီအဖြစ်ဆိုးအတွက် တာဝန်ရှိတဲ့ အစုအဖွဲ့တွေက ပျက်စီးဆုံးရှုံးမှုတွေကို ပြုပြင်ပေးဖို့နဲ့ ဥပဒေက ခွင့်ပြုထားတဲ့ အတိုင်းအတာအထိ တာဝန်ခံမှုအပြည့်နဲ့ တာဝန်ယူရဖို့အတွက် သူ့အစိုးရအနေနဲ့ အာမခံချက်ပေးဖို့ လုံးဝ ကတိပြုပါတယ်လို့ သမ္မတဘိုင်ဒင်က ပြောသွားတာပါ။

သံမဏိတွေကို ဖယ်ရှားရာမှာ အမြန်ဆန်ဆုံးနဲ့ ဘေးအကင်းဆုံးဖြစ်အောင် နိုင်ငံတော်မှ တာဝန်ရှိသူတွေနဲ့အတူ ပူးပေါင်းကူညီဆောင်ရွက်သွားဖို့ ကမ်းရိုးတန်းစောင့်တပ်၊ ရေတပ်နဲ့ ကမ္ဘာ့ အတော်ဆုံးအင်ဂျင်နီယာတွေဖြစ်တဲ့ စစ်တပ်အင်ဂျင်နီယာတွေကို တိုက်ရိုက် ညွှန်ကြားထားတယ်လို့လည်း ဘိုင်ဒန်က ပြောဆိုပါတယ်။

ဒီဆိပ်ကမ်းကို မှီခိုအားကိုးနေကြတဲ့ ကုမ္ပဏီတွေ၊ အလုပ်သမားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ သူတို့လုပ်ငန်းတွေ မြန်မြန် ပြန်လည်ပတ်နိုင်ပြီး လုပ်ခလစာတွေ အမြန်ဆုံး ပြန်ရကြဖို့အတွက်လည်း လှုံ့ဆော်ထားကြောင်းလည်း ဆိုပါတယ်။

မေရီလန်းပြည်နယ် အစိုးရရဲ့ အဆိုအရ ဘာလ်တီမိုးရ်ဆိပ်ကမ်းဟာ မော်တော်ယာဥ်နဲ့ လိုက်ထရပ်တွေ၊ လယ်ယာသုံးနဲ့ ဆောက်လုပ်ရေး စက်ပစ္စည်းတွေကို ကိုင်တွယ်စီမံတဲ့ ပမာဏဟာ အမေရိကန်ပြည်ထောင်စုမှာ ပထမအဆင့် ဖြစ်ပါတယ်။

တံတား မတော်တဆမှုနောက်ပိုင်း ယာဉ်အသွားအလာအများစုကို ရပ်တန့်ထားပေမဲ့ ထိခိုက်မှုဧရိယာ ပြင်ပမှာတော့ အဝင်/အထွက် လုပ်ငန်းတွေကို ပြန်လည်စတင်နေပြီ ဖြစ်ပါတယ်။

Source/Photo - REUTERS/Nathan Howard

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013