DVB Logo
Home
အားကစား
ဒီဘရိုင်းဟာ လမ်းပတ်၊ ဂျရတ်နဲ့ ပေါလ်စခိုးစ်တို့ထက် ပိုကောင်းသူလို့ ဂျိုကိုးလ် ချီးကျူး
DVB
·
April 7, 2024
ဒီဘရိုင်းဟာ လမ်းပတ်၊ ဂျရတ်နဲ့ ပေါလ်စခိုးစ်တို့ထက် ပိုကောင်းသူလို့ ဂျိုကိုးလ် ချီးကျူး
Donate to DVB

မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းဟာ ဂန္ထဝင်ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ လမ်းပတ်၊ ဂျရတ်နဲ့ ပေါလ်စခိုးစ်တို့ထက် ပိုကောင်းသူဖြစ်ကြောင်း အင်္ဂလန်ကစားသမားဟောင်း ဂျိုကိုးလ်က ပြောပါတယ်။

ခရစ္စတယ်ပဲလေ့ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဒီဘရိုင်းက နှစ်ဂိုးသွင်းကာ တဂိုး ဖန်တီးနိုင်ခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ဒီဘရိုင်းရဲ့ ခြေစွမ်းက ပရီးမီးယားလိဂ်ရဲ့ ဂန္ထဝင်ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ လမ်းပတ်၊ ဂျရတ်နဲ့ ပေါလ်စခိုးစ်တို့ရဲ့ အထက်မှာရှိနေသလို အားလုံးထက်ပိုကောင်းတဲ့သူ ဖြစ်တယ်လို့ ဂျိုကိုးလ်က ချီးကျူးခဲ့တာပါ။

ဒီကနေ့ခေတ်ကာလနဲ့ မတူညီတဲ့ တချိန်က ဂန္ထဝင်ကစားသမားတွေနဲ့ နှိုင်းယှဉ်သုံးသပ်ရတာက ခက်ခဲပေမဲ့လည်း ဒီဘရိုင်းက အငြင်းပွားဖွယ်မရှိ အကောင်းဆုံး ကွင်းလယ်ကစားသမား ဖြစ်ကြောင်း ဂျိုကိုးလ်က ချီးကျူးသွားပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013