DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် မြေစာသွန်ချမှုကြောင့် လူ ၁ ဦး သေဆုံး
DVB
·
September 11, 2014
ဖားကန့်တွင် မြေစာသွန်ချမှုကြောင့် လူ ၁ ဦး သေဆုံး
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်  ကရင်ချောင်ကျေးရွာမှာ  ဟုန်ပန်းလို့ ခေါ်တဲ့ မြန်မာတကောင်းကုမ္ပဏီက အချက်မပေးပဲမြေစာတွေ သွန်ချတာကြောင့် အနီးနားမှာ ရေမဆေးကျောက်ရှာနေတဲ့ ကိုရှမ်းလေးခေါ် ကိုရန်လင်းအောင် အသက် (၂၅) နှစ် ရဲ့ ဦးခေါင်းကို ခဲထိမှန်ပြီး ဒီနေ့မနက် ၁၀ နာရီလောက်က သေဆုံးခဲ့ပါတယ်။

[caption id="attachment_51509" align="alignleft" width="300"]မြေစာများ စွန့်ပစ်နေစဉ် (ပြီးခဲ့တဲ့ နှစ်တွေက) မြေစာများ စွန့်ပစ်နေစဉ် (ပြီးခဲ့တဲ့ နှစ်တွေက)[/caption]

ဖားကန့်မှာ ကုမ္ပဏီတွေက စွန်ပစ်တဲ့ မြေစာတွေပေါ်မှာ တနိုင်တ ပိုင် ရေမဆေးကျောက် ရှာသူ အများအပြားရှိပြီး ကုမ္ပဏီတွေအနေနဲ့ လည်း မြေစာသွန်ချိန်မှာ ခရာမှုတ်အသိပေးရ တယ်လို့ ဒေသခံ ဦးရွှေသိန်း က ပြောပါတယ်။

ဒီသေဆုံးမှုအတွက် ခုချိန်ထိ ကုမ္ပဏီအနေနဲ့ လာရောက်မေးမြန်းခြင်း မရှိသေးသလို သက်ဆိုင်ရာကလည်း အမှုမဖွင့်သေးဘူးလို့ ဆိုပါတယ်။

[caption id="attachment_53562" align="alignleft" width="300"]ရေမဆေးကျောက် ရှာဖွေနေကြသူများ ရေမဆေးကျောက် ရှာဖွေနေကြသူများ[/caption]

ကုမ္ပဏီတွေရဲ့ မဆင်မခြင် မြေစာသွန် တာတွေကြောင့် ဖားကန့်မှာ အရင်က သေဆုံးသူ ရှိခဲ့ဖူးသလို  ကျေးရွာထဲက လူထုပိုင်တဲ့ ဥယျာဉ်ခြံမြေတွေ ပျက်စီးတာ ရှိတယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ဇွန်လ အစိုးရတပ် နဲ့ ကေအိုင်အေ တိုက်ပွဲ ဖြစ်ပွားစဉ်ကတည်းက ဖားကန့်၊ လုံးခင်း၊ မော်လူး၊ မော်ဟန်၊ ခန္တီး နယ်မြေတွေက ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ ရပ်နားထားခဲ့ပြီးနောက် စက်တင်ဘာ ၁ ရက်နေ့ကစ ပြန်လည်တူးဖော်ခွင့် ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013