DVB Logo
Home
နိုင်ငံတကာ
နယူးဆောက်ဝေးလ်ပြည်နယ် ရေကြီးရေလျှံမှု၌ လူ ၁၅၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ဟု သြစတြေးလျ အာဏာပိုင်များ ပြော
DVB
·
April 6, 2024
နယူးဆောက်ဝေးလ်ပြည်နယ် ရေကြီးရေလျှံမှု၌ လူ ၁၅၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ဟု သြစတြေးလျ အာဏာပိုင်များ ပြော
Donate to DVB

သြစတြေးလျနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဒေသခံတွေကို ကုန်းမြင့်တွေဆီ ရွှေ့ပြောင်းကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီးနောက်မှာ နယူးဆောက်ဝေးလ်ပြည်နယ် အရှေ့ပိုင်းမှာ ရေကြီးရေလျှံမှုတွေကနေ လူ ၁၅၂ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သြစတြေးလျအာဏာပိုင်တွေက ဧပြီ ၆ ရက်မှာ ပြောပါတယ်။ 

သြစတြေးလျနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ပြည်နယ်မြို့တော် ဆစ်ဒနီမှာ ကယ်ဆယ်ရေး ၇၂ ခု လုပ်ဆောင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားပြီး မြေနိမ့်ပိုင်း ဆင်ခြေဖုံးတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ 

ဒီကာလမှာ စိတ်မကောင်းစရာ ရေဘေးကယ်ဆယ်ရေးတွေ အများအပြား လုပ်ခဲ့ရပြီး ရေကြီးနေတာက တော်တော့်ကို အန္တရာယ်ကြီးကြောင်း နယူးဆောက်သ်ဝေးလ်ပြည်နယ် အရေးပေါ် ဝန်ဆောင်မှု ကော်မရှင်အဖွဲ့ဝင် ကာလင်းန် ယော့ခ်က ပြောပါတယ်။ 

အထူးသဖြင့် ဆစ်ဒနီအနောက်ပိုင်းရှိ မြစ်တချို့မှာ ရေလွှမ်းမိုးမှုအဆင့်က ဆက်လက် မြင့်တက် နေတာကို သတိပြုဖို့ အရေးကြီးပြီး အမှန်တကယ်အန္တရာယ်ရှိနေတယ်လို့ နယူးဆောက်သ် ဝေးလ်ပြည်နယ် ဝန်ကြီးချုပ် ခရစ်စ် မင်းစ် က ပြောဆိုပါတယ်။ 

ဒေသစံတော်ချိန် မနက် ၅ နာရီအထိ ၄ နာရီအတွင်း အကူအညီတောင်းရန် ဖုန်းခေါ်ဆိုမှုပေါင်း ၄,၁၂၈ ခု ရှိကြောင်း နယူးဆောက်သ်ဝေးလ်စ် ပြည်နယ် အရေးပေါ်ဌာနက ပြောကြားပြီး ဘေးလွတ်ရာကို အရေးပေါ် ရွှေ့ပြောင်းကြဖို့ ပြည်နယ်အနှံ့ အမိန့် ၁၅ ခု ထုတ်ပြန်ထား ခဲ့ကြောင်းလည်း ဆိုပါတယ်။ 

ဧပြီ ၅ ရက်မှာ သြစတြေးလျ အရှေ့တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဆစ်ဒနီမှာလည်း တစ်လနီးပါး မိုးရွာသွန်းမှုကြောင့် မလိုအပ်ဘဲ ခရီးသွားခြင်းကို ရှောင်ကြဉ်ဖို့နဲ့ အိမ်မှာပဲနေကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ 

နိုင်ငံရဲ့ မိုးလေဝသ ခန့်မှန်းချက် အချက်အလက်တွေအရ ဆစ်ဒနီမြို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁၁၁ မီလီမီတာ (၄.၄ လက်မ) ရရှိခဲ့ကြောင်း သိရပါတယ်။ 

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013