DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ် အမျိုးသမီးများပါဝင်ရေး ကြိုးစားမည်ဟု ကယန်းအမျိုးသမီးအဖွဲ့ ပြော
DVB
·
September 11, 2014
ငြိမ်းချမ်းရေးဖြစ်စဉ် အမျိုးသမီးများပါဝင်ရေး ကြိုးစားမည်ဟု  ကယန်းအမျိုးသမီးအဖွဲ့ ပြော
Donate to DVB

အမျိုးသမီးတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ဖို့အတွက် ဆက်လက် လုပ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်တယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံးရဲ့ တွဲဖက် အတွင်းရေးမှူး အန်ဂျလာက ပြောပါတယ်။

ဖယ်ခုံမြို့မှာ ၃ ရက်ကြာ ပြုလုပ်ခဲ့တဲ့ ကယန်းအမျိုးသမီးအစည်းအရုံးရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ရှေ့ဆက်လုပ်ဆောင်မယ့် အဓိကလုပ်ငန်းစဉ်တွေကို ဆွေးနွေး ဆုံးဖြတ်ခဲ့တယ်လို့ တွဲဖက်အတွင်းရေးမှူး အန်ဂျလာက ပြောပါတယ်။

ပြီးတော့ ကယန်းဒေသရဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ မူးယစ်ဆေးဝါးကိစ္စတွေက ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

ကယန်းအမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေ ပပျောက်ဖို့အတွက်လည်း လုပ်ဆောင်သွားမယ်လို့  မအန်ဂျလာက ပြောပါတယ်။

အမျိုးသမီးတွေ အကြမ်းဖက်ခံရတာမှာ မူးယစ်ဆေးဝါးကြောင့်နဲ့ တချို့ ထုံးတမ်း ဓလေ့တွေကြောင့် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဘယ်အကြောင်းကြောင့် အကြမ်းဖက်ခံရတာ များလဲဆိုတာကိုလည်း သေချာ လေ့လာမယ်လို့ သူက ဆက်ပြောပါတယ်။

ကယန်းအမျိုးသမီးအစည်းအရုံးကို ၂၀၀၈ ခုနှစ်က ထိုင်းနိုင်ငံမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။  မနှစ်က ပြည်တွင်းကို ၀င်ရောက်လာပြီး တခြား အမျိုးသမီးအဖွဲ့တွေနဲ့လည်း ပူးပေါင်း လုပ်ကိုင် လာတာ ဖြစ်ပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013