
စက်တင်ဘာ ပထမပတ်အတွင်းမှာ မူးယစ်ဆေးဝါးအမှုနဲ့ တရားခံ ဖမ်းဆီးရမိတာ တိုးလာတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စက်တင်ဘာ ၁ ရက်က ၇ ရက်အတွင်းမှာ တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား စတာတွေ ဖမ်းဆီးခဲ့ တာဖြစ်ပြီး ဆေးပြား အရေအတွက် သုံး သိန်း လေးသောင်းကျော် ဖမ်းခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
အမှုပေါင်း ၁၃၅ မှုမှာ အမျိုးသား တရားခံ ၁၇၁ ယောက်နဲ့ အမျိုးသမီးတရားခံ ၂၀ ဖမ်းဆီး အရေးယူခဲ့တာ ဖြစ်ပါတယ်။
သြဂုတ်လ နောက်ဆုံးပတ်ကတော့ ဆေးပြားအရေအတွက် သုံးသိန်းနှစ်သောင်းကျော် ဖမ်းခဲ့ပြီး အမှုပေါင်း ၁၁၅ မှုနဲ့ တရားခံ ၁၄၇ ယောက် ဖမ်းဆီးနိုင်ခဲ့တာပါ။











