DVB Logo
Home
နိုင်ငံတကာ
အစ္စရေးတွင် ရှေးဟောင်း ဥမင်လိုဏ်ခေါင်းနှင့် ဧရာမမြေအောက်ပုန်းခိုစရာနေရာ တွေ့ရှိ
DVB
·
April 4, 2024
အစ္စရေးတွင် ရှေးဟောင်း ဥမင်လိုဏ်ခေါင်းနှင့် ဧရာမမြေအောက်ပုန်းခိုစရာနေရာ တွေ့ရှိ
Donate to DVB

အစ္စရေးမြောက်ပိုင်းမှာ ရှေးဟောင်းသုတေသီတွေဟာ ရောမအင်ပါယာကို ပုန်ကန်ချိန်က ဂျူးရွာသားတွေ တူးဖော်ခဲ့တဲ့ ကျဉ်းမြောင်းတဲ့ ဥမင်လိုဏ်ခေါင်းတွေနဲ့ ပိုကြီးတဲ့ အခန်းတွေပါတဲ့ ဧရာမမြေအောက်ပုန်းခိုစရာ နေရာကို ရှာတွေ့ခဲ့ပါတယ်။

ဒီဝင်္ကဘာဟာ ယေရှုတရားဟောတယ်လို့ ယူဆရတဲ့ ဂါလိလဲတောင်ကုန်းတွေအထိ မြောက်ဘက်စွန်းကျတဲ့ ဂျူးအသိုက်အဝန်းက ဂျေရုဆလင်မြို့နားက ပုန်ကန်မှုကို နှိမ်နင်းမယ့် ရောမကြေးစားတပ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားတဲ့ အထောက်အထားတွေလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

သူတို့ရွာအောက်မှာ အနည်းဆုံး မီတာ ၁၀၀ လောက်ရှည်ပြီး လေဝင်နိုင်တဲ့ ပုန်းအောင်းစရာ နေရာကို ထွင်းထုထားတယ်လို့ ဂူတွေကို ကျွမ်းကျင်တဲ့ ဇက်ဖက် ပညာရေးကောလိပ်က သမိုင်းပညာရှင် ယီနွန် ရှစ်ဗ်စီယယ်က ပြောပါတယ်။

ချပ်ဝတ်တန်ဆာဝတ်ထားတဲ့ တပ်သားအတွက် ဝင်မရအောင် ကျဉ်းကျပ်လွန်းတဲ့ တွင်းပေါက်တွေ၊ အဖိုးတန်ပစ္စည်းတွေကို စုဆောင်းသိမ်းဆည်းနိုင်တဲ့ မတ်တပ်ရပ်နိုင်လောက်အေင် နေရာကျယ်တဲ့ အခန်းတွေပါတဲ့ ဂူစနစ်ဟာ မိသားစုတခုလုံးကို ကယ်ဖို့ ပုံစံဒီဇိုင်း ထုတ်ထားပါတယ်။

တူးဖော်ရေးလုပ်ငန်းက မပြီးသေးဘဲ အညစ်အကြေးတွေကိုရှင်းဖို့ နောက်ထပ် တွင်းပေါက်တွေလည်း ရှိပါသေးတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ က ဘာသာရေးအရ မြင့်မြတ်တဲ့မြေမှာ ရှင်သန်ခဲ့သူတွေ အကြောင်း တစေ့တစောင်း ပြနိုင်တဲ့ နောက်ထပ် လက်ရာတွေ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013