DVB Logo
Home
မြန်မာသတင်း
တပ်နေရာချထားရေးနှင့် တပ်သားသစ်စုဆောင်းရေးကိစ္စ အန်စီစီတီ ဆက်လက်ဆွေးနွေး
DVB
·
September 10, 2014
တပ်နေရာချထားရေးနှင့် တပ်သားသစ်စုဆောင်းရေးကိစ္စ အန်စီစီတီ ဆက်လက်ဆွေးနွေး
Donate to DVB

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)ရဲ့ ဒုတိယနေ့ အစည်းအဝေးပွဲမှာ ကြားကာလ တပ်နေရာချထားရေးကိစနဲ့ တပ်သားသစ် စုဆောင်းရေး ကိစ္စတို့ကို အဓိကထား ဆွေးနွေးနေတယ်လို့ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

NCCT 10092014(1ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အလုပ်အဖွဲ့ အန်စီစီတီ ဆွေးနွေးပွဲ ဒုတိယနေ့ စည်းဝေးရပ်နားချိန် ဒီဗွီဘီက မေးမြန်းရာမှာ နိုင်ဟံသာက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ကျန်နေတဲ့ အချက်တွေကို ကြားကာလမှာ ဘယ်လိုဆက်လက် နေထိုင်ရပ်တည်သွားရေး ပေါ့လေ။ အန်ကယ်တို့ ဘက်က အဆိုပြုထားတာက ဗိုလ်နေမြဲ ကျားနေမြဲအတိုင်း ဆက်လက် တည်ရှိရေး အဲဒါရယ်။ နောက်ပြီးတော့ လက်မှတ်ထိုးပြီးရင် သူတို့ ဘက်က အဆိုပြုထားတာက ကျနော်တို့ ဘက်ကို လူသစ်တွေ တပ်သားသစ်တွေ မစုဆောင်းရဆိုတဲ့ ကိစ္စအပေါ်မှာ အဲဒါလည်း ကျနော်တို့ဘက်က အများကြီး သုံးသပ်တယ်။ ဘယ်လို ဖြစ်သင့်တယ်ဆိုတဲ့ အကြောင်းပေါ့။ ကျန်တဲ့ အချက်တွေ အများကြီးရှိသေးတယ်။ ၃ ပွင့်ဆိုင်နဲ့ ၅ ပွင့်ဆိုင် ကိစ္စတွေပေါ့လေ အဲဒါတွေလည်း ဆွေးနွေးနေပါတယ်။”

အန်စီစီတီအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ကေအိုင်အိုဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကလည်း ရန်ကုန်မှာ အစိုးရနဲ့ ဆွေးနွေးခဲ့တဲ့ အပစ်ရပ်မူကြမ်းအပေါ် ဖြည့်စွက်ဆွေးနွေးနေကြတာလို့ ပြောပါတယ်။

“ရန်ကုန်မှာ ဆွေးနွေးခဲ့တဲ့ အပစ်ရပ်မူကြမ်းအပေါ်မှာ ကျနော်တို့ ပြန်ပြီးဆွေးနွေးနေတာပါ။ ဆက်လက်ပြီး အစိုးရနဲ့ ဆွေးနွေးဖို့လိုအပ်တဲ့ အချက်များကို ပြင်ဆင်ဖြည့်စွက်နေတာဖြစ်ပါတယ်။ တခြား အထွေအထူးမရှိပါဘူး။ အပစ်ရပ်မူကြမ်းကို ပြီးစီးအောင်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ဆက်သွားနေတာ ဖြစ်ပါတယ်။”

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ အန်စီစီတီတို့ ရန်ကုန်မှာ ဆွေးနွေးကြမယ့်ရက်ကို အတိအကျ မသတ်မှတ်ရသေးပေမယ့် အကြမ်းဖျင်းအားဖြင့်တော့ စက်တင်ဘာ ၂၀ ရက် နောက်ပိုင်းတွေ့ဖို့ သဘောတူထားတယ်လို့လည်း ပြောပါတယ်။

ဒီ့မတိုင်မီ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လာမယ့် အောက်တိုဘာလကုန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ်လက်မှတ်ထိုးပွဲ ကျင်းပသွားမယ်လို့ ထုတ်ပြောထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အန်စီစီတီအဖွဲ့ခေါင်းဆောင် နိုင်ဟံသာ ကို အဖွဲ့ရဲ့ သဘောထားမေးကြည့်တော့ သူက အခုလို ပြောပါတယ်။

“သူ့ဘက်က ဘယ်လိုမြင်ထားလဲလို့တော့ မပြောတတ်ဘူး။ ကျနော်တို့ဘက်ကတော့ သူတို့နဲ့ သွားညှိရင် အဓိကအရေးကြီးတဲ့ ရပ်တည်ချက်ပိုင်းဆိုင်ရာမှာ ဘယ်လိုသူတို့ဘက်က သဘောတူ လက်ခံနိုင်မလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်ပါတယ်။ သူတို့နဲ့ သွားတွေ့တဲ့အခါမှာ သူတို့ဘက်က ဘာတွေများ ပြောင်းလဲနိုင်မလဲပေါ့နော်။ ကျနော်တို့ဘက်ကတော့ ကျနော်တို့ ရပ်တည်ချက် ကတော့ သဘောကတော့ ဆုတ်လို့မရတဲ့ အနေအထားမျိုးမှာ နောက်ဆုံးအဆင့် မှာ ရပ်တည်ပြီး ပြောနေတာပဲလေ။”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အလုပ်အဖွဲ့ အန်စီစီတီ ဆွေးနွေးပွဲကို စက်တင်ဘာ ၉ ရက်က စပြီး ၃ ရက်ကြာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013