DVB Logo
Home
နိုင်ငံတကာ
Move Forward ပါတီ ဖျက်သိမ်းရန် ကြိုးပမ်းမှုကို ထိုင်းတရားရုံး ကြားနာမည်
DVB
·
April 4, 2024
Move Forward ပါတီ ဖျက်သိမ်းရန် ကြိုးပမ်းမှုကို ထိုင်းတရားရုံး ကြားနာမည်
Donate to DVB

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးဟာ ရွေးကောက်ပွဲအနိုင်ရအတိုက်အခံ Move Forward ပါတီကို ဖျက်သိမ်းဖို့ ကြိုးပမ်းတဲ့အမှုကို ဧပြီ ၃ ရက်မှာ လက်ခံခဲ့ပြီး နိုင်ငံမှာ ကြီးမားတဲ့ အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တွန်းအားပေးပြီး လူကြိုက်များတဲ့ စည်းမျဉ်းဆန့်ကျင်ရေး လှုပ်ရှားမှုအဖွဲ့ကို နောက်ထပ်ထိုးနှက်ချက်လည်း ဖြစ်ပါတယ်။

သြဇာကြီးမားတဲ့ ဘုရင်စနစ်ကို ပြစ်တင်ဝေဖန်ခြင်းမှ အကာအကွယ်ပေးမယ့် ဥပဒေတရပ်ကို ပြုပြင်ပြောင်းလဲဖို့ အငြင်းပွားဖွယ် မဲဆွယ်စည်းရုံးမှု လုပ်ဆောင်ခဲ့တဲ့ Move Forward ပါတီကို ဖျက်သိမ်းပေးဖို့အတွက် ရွေးကောက်ပွဲကော်မရှင်က တင်သွင်းတဲ့ တိုင်ကြားချက်ကို လက်ခံဖို့ တရားရုံးက သဘောတူခဲ့တာပါ။

အဲဒီဥပဒေအရ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အနည်းဆုံး လူပေါင်း ၂၆၀ ဦးကို တရားစွဲခဲ့ပါတယ်။

ဒီဥပဒေကို ပြင်ဆင်ချင်တဲ့ Move Forward ပါတီရဲ့ အကြံအစည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘဲ ဘုရင်ကနိုင်ငံတော်အကြီးအကဲအဖြစ် အုပ်ချုပ်တဲ့စနစ်ကို ဖြုတ်ချဖို့ ကြိုးပမ်းမှုနဲ့ တူညီနေတယ်ဆိုပြီး ဒီတရားရုံးကပဲ ဇန်နဝါရီလတုန်းက စီရင်ချက်ချခဲ့ပြီးနောက်မှာ ခုလို ပါတီဖျက်သိမ်းဖို့ ကြိုးပမ်းမှု ပေါ်ပေါက်လာတာပါ။

Move Forward ပါတီကတော့ အဲဒီစီရင်ချက်ကို ပယ်ချခဲ့ပါတယ်။ Move Forward ပါတီဟာ မနှစ်က ရွေးကောက်ပွဲမှာ အံ့မခန်းစွမ်းဆောင်မှုနဲ့ အနိုင်ရလဒ်ကို ရရှိခဲ့ပေမဲ့ တော်ဝင်ဝါဒီ စစ်တပ်နဲ့ မဟာမိတ်လွှတ်တော်အမတ်တွေက အစိုးရဖွဲ့ခွင့်ကို ပိတ်ပင်ထားခဲ့ပါတယ်။

Move Forward ပါတီဟာ အောက်လွှတ်တော်မှာ အမတ်နေရာ ၃၀ ရာခိုင်နှုန်းလောက် ရရှိခဲ့တဲ့ အကြီးဆုံးပါတီ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013