DVB Logo
Home
မြန်မာသတင်း
ကချင်မှာ ရိုဟင်ဂျာတပ်ထောင်ရန် တောင်းဆိုတာမရှိဟု ဗိုလ်ချုပ်ဂွန်မော်ပြော
DVB
·
September 10, 2014
ကချင်မှာ ရိုဟင်ဂျာတပ်ထောင်ရန် တောင်းဆိုတာမရှိဟု ဗိုလ်ချုပ်ဂွန်မော်ပြော
Donate to DVB

ကချင်လွတ်လပ်ရေးအဖွဲ့နယ်မြေမှာ ရိုဟင်ဂျာလွတ်မြောက်ရေးတပ် ထူထောင်ခွင့်ပြုဖို့ ဘယ်သူကမှ တရားဝင်လာရောက်တောင်းဆိုတာ မရှိဘူးလို့ ကေအိုင်အို ဒုစစ်ဦးစီးချုပ်က ပြောပါတယ်။

NCCT 10092014(2ထိုင်းနိုင်ငံမှာ ကေအိုင်အိုအဖွဲ့က ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်ကို မြန်မာရိုဟင်ဂျာလွတ်မြောက်ရေး အဖွဲ့တာဝန်ရှိသူတဦးက ကေအိုင်အိုနယ်မြေအတွင်းမှာ တပ်ထောင်ခွင့်ပြုခွင့်တောင်းဆို တယ်ဆို တာကလည်း သူတို့ချင်း ပုဂ္ဂိုလ်ရေးရင်းနှီးမှု စကားဝိုင်းမှာ ပြောဆိုခြင်းသာဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်က အပြင်မှာရှိတဲ့အခါကျတော့ သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေက သူတို့ရဲ့ ဆန္ဒကို ဆွေးနွေးတဲ့ သဘောပါပဲ။ တရားဝင် ဆွေးနွေတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ရဲ့ ဗဟိုကော်မတီကို ဗိုလ်မှူးကြီး လွန်းဒေါင်ကလည်း တင်ပြတာ မရှိဘူး။ သူတို့ကလည်း ရင်းနှီးမှုအရ ဆွေးနွေးတဲ့ သဘောပဲ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ဒီသဘောထားတွေနဲ့ အလှမ်းဝေးပါတယ်။ အထဲမှာ ဖြစ်ပေါ်နေတဲ့ ပြဿ နာ တစုံတရာမှာ ကျနော်တို့က လက်နက်တပ်ဆင်ပေးတာတို့ သင်တန်းပေးတာတို့ မလုပ်သင့်ပါဘူး။ ပြီးတော့ ဒီကိစ္စက သိပ်ရှုပ်ထွေးတဲ့ အခါ ဗဟိုကော်မတီမှာ တခါမှ မဆွေးနွေးခဲ့ဖူးဘူး။ ကျနော့်တို့ဆီကို တရားဝင်လာပြီး တောင်းဆိုတာမျိုးလည်း မရှိသေးပါဘူး။ ဒီလိုဟာမျိုးက မိတ်ဆွေအချင်းချင်း အပြင်မှာရောက်နေတဲ့လူတွေဟာ မကြာခဏတွေ့ဆုံတတ်ပါတယ်။ သို့သော်လည်းပဲ ဒီလိုအချိန်မှာ ဒီသတင်းတွေ ထုတ်ပြန်လိုက်တယ်ဆိုတာ စဉ်းစားစရာ အများကြီး ရှိပါတယ်။ ကျနော်တို့က လောလောဆယ်မှာ ဒီကိစ္စအတွက် ဘာမှအစီအစဉ်မရှိပါဘူး။ ဘာလို့လဲဆိုတော့ အင်မတန် ရှုပ်ထွေးတဲ့ ကိစ္စတခု ပြီးလို့ရှိရင် လက်နက်ကိုင်ပြီးတော့ ပြဿ နာ တခုကို အစပြုဖို့ဆိုတာ မလွယ်တဲ့ ကိစ္စပါ။ အင်မတန် ရှုပ်ထွေးတဲ့ ကိစ္စပါ ကျနော်တို့ဆီမှာ ဘာမှ အစီအစဉ်မရှိပါဘူး။”

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အွန်လိုင်းပေါ်တက်လာတဲ့ ဗွီဒီယိုမှတ်တမ်းတခုမှာ သူ့ကိုယ်သူ ရိုဟင်ဂျာခေါင်းဆောင်လို့ မိတ်ဆက်သူတဦးက ကချင်နယ်မြေမှာ သူတို့ တပ်ထူထောင်ချင်တယ်။ ဘယ်ပုံစံနဲ့ နေရာတခုစီစဉ်ပေးနိုင်မလဲလို့ မေးခွန်းထုတ် ပြောဆိုခဲ့တာ တွေ့ရပါတယ်။

ဒီဗွီဒီယိုဖိုင် တက်လာချိန်ဟာ အစိုးရနဲ့ ကေအိုင်အိုပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေ တပြည်လုံးအပစ်ရပ်လက်မှတ်ထိုးရေး နီးစပ်လာနေချိန်လည်း ဖြစ်ပါတယ်။

ဒီဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ကာယကံရှင် ကေအိုင်အို ဗဟိုကော်မတီဝင် ဂျိမ်းစ်လွန်းဒေါင်ကို ဆက်သွယ်မေးမြန်းရာမှာ ဒီအဖြစ်အပျက်ဟာ သူနဲ့ ရင်းနှီးပြီး ကချင်အမျိုးသမီးတဦးရဲ့ အိမ်ထောင်ဖက်ဖြစ်တဲ့ အမေရိကန်နိုင်ငံသားမိတ်ဆွေရဲ့ ညစာထမင်းဖိတ်ကြွေးတဲ့ မနှစ် နှစ်ကုန်ပိုင်းက အဖြစ်အပျက်ဖြစ်ကြောင်းနဲ့ သွားရောက်တဲ့အခါ မမျှော်လင့်ဘဲ မလေးရှားနဲ့ ရခိုင်ပြည်နယ်ဘက်က မွတ်ဆလင် ၇ ဦးခန့် ရောက်ရှိနေတာဖြစ်ပြီး မျက်နှာစိမ်းတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီနောက် မိတ်ဆက်ပြီး ရိုဟင်ဂျာ ခေါင်းဆောင်ဆိုသူက နယ်မြေခွင့်ပြုဖို့ ထည့်သွင်းပြောဆိုတာဖြစ်ကြောင်း ဒီကိစ္စကို ဟာသ အဖြစ်သာ သဘောထားကြောင်း ပြောပါတယ်။

“ဒါက တရားဝင်တကယ်ပြောတဲ့ဟာမှ မဟုတ်ပဲ။ ဒါပေမယ့် အဲဒီမှာ မစ္စတာလန်းဝတ်ရက် ဆိုတဲ့ ပုဂ္ဂိုလ် အဲဒီက ထိုင်းအစိုးရရဲ့ အင်ဖော်မေးရှင်းစင်တာမှာ အဲဒါတွေ လုပ်တယ်။ သူက ကျနော့်ကို ထမင်းဖိတ်ကျွေးတယ်။ နောက်သူက အစအဆုံး ထိုင်နားထောင်တယ်။ သူ့မိန်းမက ကချင် ဖြစ်တယ်။ အဲဒါကြောင့် ကျနော်လည်း တန်ဖိုးထားပြီးတော့မှ သူ့ကို ခဏစကားပြောပေးတာ။ ဒါပဲ ရှိတယ်။ အဲဒါမှ လွှဲပြီးလို့လည်း အဲဒါမျိုး မဟုတ်က ဟုတ်က အဓိပ္ပါယ်မရှိတဲ့ စကားပြောဖို့လည်း ကျနော် ၁ မိနစ်မှ မပြောချင်ပါဘူး။”

ဒီအဖြစ်အပျက်ကို ယူကျုမှာ ဖြန့်ဝေနေတာဟာ ကေအိုင်အိုအဖွဲ့အတွင်း အချေအတင်ဖြစ်အောင် လုပ်လိုပုံရတယ်လို့ သူက ပြောပါတယ်။

“ကျနော်အဲဒါတွေကို စိတ်လည်း မ၀င်စားဘူး။ လူများက တဖက်သတ် ဦးနှောက်ခြောက်အောင် လုပ်တဲ့ ပရိယာယ်တွေ အများကြီး ရှိတယ်။ အဲဒီအထဲမှာ ကျနော်က သွားပြီး မပါပါဘူး။ နောက်ပြီးတော့မှ ဒီလိုရှိတယ်။ ဒီအချိန်မှာ အစိုးရက ကချင်တယောက်ကို တနေရာမှာပဲ အကြီးအကျယ်တိုက်နေတယ်။ တနည်းအားဖြင့် ကျနော်တို့ ကချင်ကြား၊ ကေအိုင်အိုကြားမှာ ရန်ဖြစ်လာအောင် ငြင်းဆိုမှု ဖြစ်လာအောင် အဲဒါလုပ်တဲ့ဟာ။ ဒါက စိတ်ဓာတ်အရ တိုက်တဲ့ ရန်ပေါ့။ ကေအိုင်အိုသည် အမွှေးတချောင်းမှ မတုန်လှုပ်ပါဘူး။”

ကချင်နယ်မြေမှာ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး လက်နက်ကိုင်အဖွဲ့ (အာအက်စ်အို) ထူထောင်ရေး မှတ်တမ်းဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ကေအိုင်အို ဗဟိုကော်မတီဝင် ဂျိမ်းစ်လွန်းဒေါင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013