DVB Logo
Home
Lead Story
ထိုင်းမြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိ
DVB
·
September 10, 2014
ထိုင်းမြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိ
Donate to DVB

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့နယ်နဲ့ မိုင်းဆတ်မြို့နယ်တွေထဲမှာ စက်တင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက ရာဘမူးယစ်ဆေး နဲ့ လက်နက်တွေပါ ဖမ်းဆီးရမိတယ်လို့ တာချီလိတ်ခရိုင် မူးယစ်အထူးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

unnamedမူးယစ်တပ်ဖွဲ့စု ၃၀ နဲ့ ပူးပေါင်းအဖွဲ့တွေဟာ တာချီလိတ်မြို့ လွယ်တော်ခမ်းစစ်ဆေးရေးစခန်းမှာ ယာဉ်သွားယာဉ်လာတွေကို စောင့်ဆိုင်းစစ်ဆေးစဉ် မိုင်းဆတ်ကလာတဲ့ ဆိုင်ကယ်တစီးပေါ် ကနေ ကာလတန်ဘိုး ကျပ် ၇၄ သိန်းနီးပါးရှိ အဗလျူ ၀ိုင်တံဆိပ် ရာဘဆေးပြား ၂၉၅၀ ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားခံ ဦးအိုက်ဇင်ကို တာချီလိတ်ရဲစခန်းမှာ အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တချိန်တည်းမှာဘဲ မူးယစ်ရဲတပ်ဖွဲ့စု ၂၉ နဲ့ ၃၀ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ မိုင်းဆတ်မြို့ ဆိုက်ခေါင်ဂိတ်မှာ စစ်ဆေးရေးလုပ်ရင်း တာချီလိတ်ကနေ မိုင်းဆတ်ဘက်ကိုသွားမယ့် ဟွန်ဒါဆိုင်ကယ်တစီးပေါ်ကနေ ကာလတန်ဘိုးကျပ် ၂ သိန်း ၇ သောင်းကျော်ရှိ ရာဘ တစ်ရာ့တစ်ဆယ်လုံးနဲ့ ပွိုင့် ၃၈ ပစ္စတိုသေနတ်တလက်နဲ့ ကျည်ဆံ ၂ ထောင့် ဖမ်းမိခဲ့လို့ တရားခံ ရှဲန်မွေလ နဲ့ အပေါင်းပါ ၂ ဦးတို့ကို ဖမ်းဆီးထားတယ်လို့ တာချီလိတ်ခရိုင်မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တာချီလိတ်ခရိုင်နဲ့ မျက်နှာချင်းဆိုင် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဖာ့လုံမြို့နယ်ထဲမှာလည်း စက်တင်ဘာလ ၉ ရက်နေ့ ညက ထိုင်းနယ်ခြားစောင့်တပ်၊ မူးယစ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းတပ်နဲ့ မူးယစ်ကုန်သည်တွေကြား ၁၀ မိနစ်ကြာ ပစ်ခတ်မှုဖြစ်ပွါးပြီး မူးယစ်ကုန်သည်ဘက်က လူတစ်ဦးကို အသေဖမ်းမိတယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ဒေသထဲ မူးယစ်ကုန်သည်တွေ ဖြတ်သန်းလာဖို့ရှိကြောင်း ကြိုတင်သတင်းရထားချက်အရ ထိုင်းတာဝန်ရှိသူတွေက မယ့်ဆလောင်းနောက်ကျေးရွာ အုပ်စုအပိုင် တောအုပ်ကနေ စောင့်ဖမ်း ခဲ့ကြောင်း၊ တောထဲကနေ ကျောပိုးအိတ်နဲ့ သေနတ်ပါလွယ်ထားတဲ့ လူ ၄၊ ၅ ဦးဖြတ်သွားတာ တွေ့လို့ စစ်ဆေးဖို့ရပ်ခိုင်းတာမှာ တဘက်က ရပ်မပေးဘဲ သေနတ်နဲ့ ပစ်ရင်း ထွက်ပြေးတ ကြောင့် ထိုင်းစစ်တပ်က ပြန်ပစ်ခတ်ခဲ့ကြောင်း၊ စက်တင်ဘာလ ၁၀ ရက်နေ့ နယ်မြေရှင်းလင်းရေးလုပ်ရာမှာတော့ အသက် ၃၀ ကျော်ရွယ် လူတယောက်ရဲ့ အလောင်းကို ရာဘမြင်းဆေး ၄၄၀၀ ပြား၊ သေနတ်တလက်၊ လက်ပစ်ဗုံးတလုံးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013