DVB Logo
Home
မြန်မာသတင်း
အမျိုးသားပညာရေး ဥပဒေမူကြမ်း တကသ ကန့်ကွက်
DVB
·
September 10, 2014
အမျိုးသားပညာရေး ဥပဒေမူကြမ်း တကသ ကန့်ကွက်
Donate to DVB

အမျိုးသားပညာရေးဥပဒေမူကြမ်းကို တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) များက ဒီနေ့ မနက်ပိုင်း ရန်ကုန်မြို့က ကွန်ပျုတာ တက္ကသိုလ် ဗဟန်းနယ်မြေရှေ့မှာ ကန့်ကွက်တဲ့ ထုတ်ပြန်ချက်တွေနဲ့ ပိုစတာတွေနဲ့ လှုံ့ဆော် စည်းရုံးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

[caption id="attachment_64643" align="alignright" width="300"]Yangon Student Protest10092014 ဓာတ်ပုံ - ကောင်းထက်ကျော်[/caption]

ဒီနေ့ဟာ ကွန်ပျုတာတက္ကသိုလ်မှာ စာမေးပွဲတွေ စစ်ဆေးနေချိန်လည်း ဖြစ်ပြီး တကသ ကျောင်းသားတွေအနေနဲ့ ဒါဟာ ဆန္ဒပြခြင်းမျိုး မဟုတ်ပဲ ပညာရေးဥပဒေမူကြမ်းအကြောင်း အားနည်းချက်တွေကို တက္ကသိုလ်တိုင်းမှာရှိတဲ့ ကျောင်းသူနဲ့ ကျောင်သားတွေကို ရှင်းလင်းပြချင်လို့ အခုလို လှုပ်ရှားတာလို့ ဆိုပါတယ်။

အမျိုးသား ပညာရေးဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပြီး သမ္မတက လွှတ်တော်မှာ ပြန်ဆွေးနွေးဖို့ မှတ်ချက်ရေး ပြန်ပို့ထားပါတယ်။

ဒီဥပဒေမူကြမ်းကို ဗကသများ အဖွဲ့ချုပ်နဲ့ တကသတွေက ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ပြီး ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာ လှည့်လည် လှုံ့ဆော်နေပေမယ့် ကျောင်းသူနဲ့ ကျောင်းသားတွေရဲ့ ပါဝင်လာမှု အားနည်းနေသေးကြောင်း ဒီနေ့ လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ တကသက ပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013