DVB Logo
Home
မြန်မာသတင်း
စစ်တပ် သတ်ဖြတ်ခဲ့သည့် ပြည်သူ ၄၈၀၀ တွင် ကလေးသူငယ် ၆၀၀ ကျော်ပါဝင်
DVB
·
April 1, 2024
စစ်တပ် သတ်ဖြတ်ခဲ့သည့် ပြည်သူ ၄၈၀၀ တွင် ကလေးသူငယ် ၆၀၀ ကျော်ပါဝင်
Donate to DVB

စစ်တပ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း စစ်တပ်က အပြစ်မဲ့ပြည်သူ အယောက် ၄,၈၀၀ ကို သတ်ဖြတ်ခဲ့ပြီး အဲဒီထဲက ၁၂ ဒသမ ၇ ရာခိုင်နှုန်းဖြစ်တဲ့ ၆၀၉ ယောက်က အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်တယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်ကတည်းကနေ အခုနှစ်၊ မတ် ၃၁ ရက်အထိ အေအေပီပီကနေ ကောက်ယူမှတ်တမ်းတင်ထားတဲ့ အဖမ်းအဆီးနဲ့ သေဆုံးအချက်အလက်တွေ ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်တာဖြစ်ပြီး သေဆုံးသူတွေထဲမှာတော့ အမျိုးသမီးဦးရေ ၈၈၁ ယောက်နဲ့ ၁၈ ဒသမ ၄ ရာခိုင်နှုန်း၊ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ ၁,၆၉၉ ယောက်နဲ့ ၃၅ ဒသမ ၄ ရာခိုင်နှုန်းလောက်ထိ မြင့်တက်နေခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ကျဆုံးပြည်သူစာရင်းတွေကို ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ စစ်ကိုင်းတိုင်းက အယောက် ၂,၀၀၀ ကျော်နဲ့ ရာခိုင်နှုန်း ၄၀ ကျော် ပါဝင်နေပြီး အဲဒီနောက်မှာတော့ မန္တလေး၊ မကွေး၊ ရန်ကုန်နဲ့ ပဲခူး တိုင်းတွေက ကျဆုံးပြည်သူဦးရေ အများဆုံး ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေး ၃ နှစ်ကျော် ကာလတွေအတွင်း စုစုပေါင်း ပြည်သူ ၂၆,၄၆၂ ယောက်ထိ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက အယောက် ၂၀,၂၉၀ ကတော့ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးဦးရေ ၂၀ ရာခိုင်နှုန်းကျော် ပါဝင်နေပြီး ကလေးသူငယ်ဦးရေကတော့ ၃ ရာခိုင်နှုန်းနီးပါး ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲမှုတွေ အပါအဝင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိပ်စက်မှုတွေ၊ လိင်အကြမ်းဖက်မှုတွေလည်း တိုးပွားလာနေပြီး ကာလရှည်ကြာလာတဲ့ ပဋိပက္ခကြောင့် မြန်မာပြည်သူ ၂ သန်းခွဲကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013