DVB Logo
Home
နိုင်ငံတကာ
စစ်မှုထမ်းရန် ရုရှားနိုင်ငံသား ၁၅၀,၀၀၀ ကို သမ္မတ ပူတင်ဆင့်ခေါ်
DVB
·
April 1, 2024
စစ်မှုထမ်းရန် ရုရှားနိုင်ငံသား ၁၅၀,၀၀၀ ကို သမ္မတ ပူတင်ဆင့်ခေါ်
Donate to DVB

နွေဦးရာသီ ပုံမှန်စစ်သည်အင်အား စုဆောင်းမှုအရ ရုရှားနိုင်ငံသား ၁၅၀,၀၀၀ ခန့် စစ်မှုမထမ်းမနေရ အမိန့်ဒီဂရီတရပ်ကို သမ္မတ ဗလာဒီမာပူတင်က မတ် ၃၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

တနှစ်ကို နှစ်ကြိမ်၊ နွေဦးမှာတကြိမ်၊ ဆောင်းဦးမှာတကြိမ် တသိန်းခွဲဝန်းကျင်စီ ဆင့်ခေါ်တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံက အမျိုးသားအားလုံး အသက် ၁၈ နှစ်ပြည့်ပြီးရင် တနှစ် စစ်မှုထမ်းဖို့ ဒါမှမဟုတ် အလားတူ သင်တန်းတက်ဖို့ လိုအပ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာတော့ ရုရှားအောက်လွှတ်တော်က အမျိုးသားစစ်မှုထမ်းသက်ကို အမြင့်ဆုံး ၂၇ နှစ်ကနေ အသက် ၃၀ အထိ တိုးမြှင့်ခဲ့ပါတယ်။ ဥပဒေသစ်ဟာ အခုနှစ် ဇန်နဝါရီ ၁ ရက်မှာ စတင်အကျုံးဝင်တာ ဖြစ်ပါတယ်။

စစ်မှုမထမ်းမနေရကိစ္စဟာ ရုရှားမှာ ထိလွယ်ရှလွယ်ကိစ္စတရပ်ဖြစ်ပြီး တနှစ် နှစ်ကြိမ် ဆင့်ခေါ်မှုကို ရှောင်လွှဲနိုင်ဖို့ အမျိုးသားအများအပြားဟာ နည်းလမ်းအမျိုးမျိုးသုံးပြီး ရှောင်လွှဲတတ်ကြပါတယ်။

ဒီလို စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံခဲ့ရသူတွေကို ရုရှားပြင်ပမှာ တိုက်ခိုက်ဖို့ တရားဝင်အားဖြင့် စေလွှတ်လို့မရပါဘူး။

၂၀၂၂ တုန်းက ယူကရိန်းမှာတိုက်ဖို့ လူ ၃၀၀,၀၀၀ စုဆောင်းတုန်းကလည်းက စစ်မှုထမ်းဖူးတဲ့သူတွေကို ကင်းလွတ်ခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တချို့တွေကို မှားယွင်းပြီး ရှေ့တန်းကို စေလွှတ်မိတာလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ဆောင်းဦးရာသီ စစ်မှုထမ်းဖို့ လူ ၁၃၀,၀၀၀ ဆင့်ခေါ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013