DVB Logo
Home
မြန်မာသတင်း
ကယားစာကို လွှတ်တော်က တရားဝင်အသိအမှတ်ပြု
DVB
·
September 10, 2014
ကယားစာကို လွှတ်တော်က တရားဝင်အသိအမှတ်ပြု
Donate to DVB

ကြယ်ဖိုးကြီးဗျည်းအက္ခရာကို ကယားစာအဖြစ် ပြည်နယ်လွှတ်တော်က စက်တင်ဘာ ၈ ရက်နေ့က အတည်ပြုခဲ့ပြီး လူထု ဆန္ဒကောက်ခံမယ်လို့ ကယားပြည်နယ် လူမှုရေးနဲ့ ကျန်းမာရေးဝန်ကြီး ဦးပိုးရယ်က ပြောပါတယ်။

လွှတ်တော်မတိုင်ခင် ကြိုတင်ကွင်းဆင်းဆန္ဒကောက်ယူခဲ့တာမှာတော့ လူဦးရေ ၈၀ ရာခိုင်နှုန်းက လက်ခံတယ်လို့ ၀န်ကြီးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကစပြီး ကရင်နီလူမျိုးစုတခုဖြစ်တဲ့ ကယန်းတိုင်းရင်းသားစာကို ကျောင်းချိန်ပြင်ပမှာ သင်ကြားနေပြီဖြစ်ပါတယ်။

ကရင်နီပြည်လူငယ်များ သမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ဦးကျော်ထင်အောင်ကတော့ အခုလို လူမျိုးစုတခုချင်းစီရဲ့ စာပေတွေကွဲနေတာဟာ ကရင်နီအဖြစ်စုစည်းဖို့အတွက် အနှောင့်အယှက် မဟုတ်ပါဘူးလို့ ပြောပါတယ်။

ကရင်နီပြည်လူငယ်များ သမဂ္ဂအနေနဲ့ ကယား၊ ကယန်း၊ ကယော၊ ဂေခို စတဲ့ ကရင်နီ လူမျိုးစုအားလုံးပါတဲ့  ညီလာခံတခုလုပ်ဖို့် ရည်ရွယ်ထားတယ်လို့လည်း ဦးကျော်ထင်အောင်က ဆက်ပြောပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013