DVB Logo
Home
မြန်မာသတင်း
အန်စီစီတီက တပြည်လုံးအပစ်ရပ်စာချုပ် တတိယမူကြမ်း အချောသတ်ဆွေးနွေး
DVB
·
September 9, 2014
အန်စီစီတီက တပြည်လုံးအပစ်ရပ်စာချုပ် တတိယမူကြမ်း အချောသတ်ဆွေးနွေး
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) က အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မှာ ကျင်းပမှာဖြစ်ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (တတိယမူကြမ်း) အတွက် အချောသတ်ကြမယ်လို့ အန်စီစီတီ တာဝန်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

[caption id="attachment_61180" align="alignright" width="300"]အန်စီစီတီ အစည်းအဝေး ပြီးခဲ့တဲ့ ဇူလိုင် လကုန်ပိုင်းက လိုင်ဇာတွင် ကျင်းပစဉ် အန်စီစီတီ အစည်းအဝေး ပြီးခဲ့တဲ့ ဇူလိုင် လကုန်ပိုင်းက လိုင်ဇာတွင် ကျင်းပစဉ်[/caption]

“အခု ကတော့ နောက်ဆုံး အတည်ပြုရမယ့် စာချုပ်ရဲ့ မူကြမ်းပေါ့။ အဲဒီပေါ်မှာ နည်းနည်း အချောကိုင်ရမယ့် သဘောရှိတယ်။ လိုင်ဇာထိပ်သီး အစည်းအဝေး ကနေ ပြင်ဆင်ပေး တဲ့ဟာတွေ၊ ရန်ကုန် ကနေ နောက်ဆုံး ထပ်ရလာတဲ့ဟာတွေ၊ မနေ့တနေ့ကပဲ ယူအန်အက်ဖ်စီ ညီလာခံပြီးသွားတယ်။ နောက်ဆုံး အဖွဲ့အစည်းတွေရဲ့ အခြေအနေတွေကိုပါ ပေါင်းစပ်ပြီးတော့ ဒီစာချုပ်ကို အချောကိုင်နိုင်အောင်ပေါ့လေ။ တတိယမူကြမ်းဖြစ်လာမယ့် စာတမ်းပေါ့လေ၊ အဲဒါကို ၀ိုင်းပြုစုမယ့်သဘောပေါ့။”

အန်စီစီတီ ရဲ့ ထိပ်သီးခေါင်းဆောင်တွေဟာ ဇူလိုင်လကုန်ပိုင်းက တရုတ်-မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ဒုတိယမူကြမ်းကို ဆွေးနွေးခဲ့ကြပြီးဖြစ်သလို အစိုးရဘက်နဲ့ ဆက်တိုက်တွေ့ဆုံရာမှာ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးကို နိုင်ငံရေးဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးဖို့ သဘောတူညီချက်ရခဲ့ပါတယ်။

အစိုးရနဲ့ တပြည်လုံးအပစ်ရပ်သဘောတူနိုင်ဖို့ ဆွေးနွေးရေး အချက် ၅ ချက်ကျန်ရှိတယ်ဆိုပေမယ့် သြဂုတ်လကုန်ပိုင်းက  ချင်းမိုင်မှာ ၇ ရက်ကြာမြင့်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကွန်ဂရက်မှာတော့ ကရင်အမျိုးသားအစည်းအရုံးရဲ့ ကိုယ်စားလှယ်အဖွဲ့  ထွက်ခွာခဲ့သလို ကေအန်ယူက ယူအန်အက်ဖ်စီအဖွဲ့ဝင်အဖြစ်ကနေပါ ဆိုင်းငံ့ခဲ့ပါတယ်။

အဓိက အချက်အနေနဲ့ကတော့ ယူအန်အက်ဖ်စီအဖွဲ့ရဲ့ ဖွဲ့စည်းပုံမှာ ဗဟိုဦးစီးချုပ်ကိုင်မှုကို လျော့ချဖို့ ကေအန်ယူက အဆိုပြုခဲ့တာဖြစ်ပြီး ဒီအဆိုပြုချက် မအောင်မမြင်ဖြစ်ခဲ့ရပြီးတဲ့နောက် ထွက်ခွာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကေအန်ယူအနေနဲ့တော့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို သီခြားရေးထိုးသွားလိုခြင်း မရှိဘူးလို့ ထုတ်ပြန်ခဲ့သလို အန်စီစီတီနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ယူအန်အက်ဖ်စီ ကွန်ဂရက်ကလည်း အဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင် ၁၂ ဦးအနက် ကေအန်ယူအတွက် ဒုဥက္ကဋ္ဌ (၂) နေရာနဲ့ ဗဟိုအလုပ်အမှုဆောင်နေရာ တို့ကို ချန်လှပ်ထားပြီး ပြန်လည် ပေါင်းစည်းဖို့ ကမ်းလှမ်းထားပါတယ်။

တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်ကို အစိုးရဘက်က ကို်ယ်စားလှယ် ၉ ဦးနဲ့ အန်စီစီတီဘက်က ၉ ဦး စုစုပေါင်း ၁၈ ဦးနဲ့ ဒီနှစ်ဆန်းပိုင်းက အတူတကွ ပူးတွဲရေးဆွဲပြီး ညှိနှိုင်းနေကြတာဖြစ်ပါတယ်။

အန်စီစီတီမှာ ယူအန်အက်ဖ်စီအဖွဲ့ဝင် ၁၂ ဖွဲ့နဲ့ ဆက်စပ်အဖွဲ့ဝင် ၄ ဖွဲ့ စုစုပေါင်း ၁၆ ဖွဲ့က ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013