DVB Logo
Home
မြန်မာသတင်း
JICA ၏ ကရင်ပြည်နယ် စီမံကိန်းများကို ဒေသခံများ ကန့်ကွက်
DVB
·
September 9, 2014
JICA ၏ ကရင်ပြည်နယ် စီမံကိန်းများကို ဒေသခံများ ကန့်ကွက်
Donate to DVB

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ ကရင်ပြည်နယ် အတွင်းမှာ ပြုလုပ်မယ့် စီမံကိန်းတွေက ပဋိပက္ခကို ပိုဖြစ်စေနိုင်တဲ့အတွက် ဒေသခံတွေ၊ လူမူအဖွဲ့တွေ စုဖွဲ့ထားတဲ့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က ကန့်ကွက်လိုက်ပါတယ်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA ) က ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ဒုက္ခသည်တွေနဲ့ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် (IDPs) တွေ ပြန်လည်နေရာချထားရေး အကူအညီပေးဖို့နဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ စက်မှုကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အသေးစိတ်ပုံစံကို မကြာမီကထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်ကို ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကန့်ကွက်လိုက်တာပါ။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) အဖွဲ့ဝင်ဖြစ်တဲ့ ကိုအဲလက်စ် ကတော့ ဂျိုက်ကာစီမံကိန်း ပြုလုပ်မယ့်နေရာက ပဋိပက္ခဖြစ်နေတဲ့ နေရာဖြစ်ပါတယ်။ စီမံကိန်းတဲ့ပတ်သက်ပြီး ဂျပန်အဖွဲ့အစည်းက တာဝန်ခံမှုကို လမ်းကြောင်းလွဲရင် ဒေသခံတွေအနေနဲ့ အကူအညီတောင်းဖို့ ခက်ခဲမယ်လို့ ပြောပါတယ်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်စူဆန်နာလှလှစိုးကလည်း ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင် မထိခိုက်ဖို့ လေ့လာတာတွေ၊ စီးပွားရေးလုပ်ငန်းတွေအတွက် ကနဦး ဆန်းစစ်မှုတွေ မလုပ်ရင် ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအ၀င် ပြည်နယ်အစိုးရနဲ့ လက်တွဲပြီး တားဆီးသွားမယ်လို့ ပြောပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ တိုင်းရင်းသားများ ထောက်ပံ့ရေး ဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းမှာတော့ ဆည်ဆောက်လုပ်တာ၊ ရာဘာစိုက်ပျိုရေး စီမံကိန်းတွေနဲ့ စီပွားရေးဇုန် ဆောက်လုပ်တာတွေ ပါဝင်နိုင်တယ်လို့လည်း ဒေသလူမှုအဖွဲ့ ၃၀ ကျော်နဲ့ ဖွဲ့ထားတဲ့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က ကြေညာချက်ထုတ်ထားပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဂျပန် JICA (ဂျိုက်ကာ) လုပ်ငန်း စီမံကိန်း အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဟာရှီမိုတိုကတော့ ဒီစီမံကိန်းအတွက် လေ့လာမူကို ၂၀၁၄ ဖေဖော်ဝါရီလကတည်းက စတင်ဆောင်ရွက်နေပြီး ဂျိုက်ကာအကြံပေးအဖွဲ့အနေနဲ့ စီမံကိန်းမှာပါဝင်တဲ့ မြို့နယ် ၁၇ မြို့နယ်ကို သွားရောက်လေ့လာပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းစစ်ကြောင့် ထွက်ပြေးနေရတဲ့ ရွှေ့ပြောင်းဒုက္ခသည် (IDPs) တွေအတွက် ပြန်လည်နေရာချထားရေးနဲ့ အသက်မွေးဝမ်းကြောင်းအတွက်လည်း စီစဉ်ထားပြီး ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ညှိနှိုင်းသွားမယ်လို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြောကြားထားပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013