DVB Logo
Home
နိုင်ငံတကာ
ဂျပန်ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုကို ပြည်သူများ ဆန္ဒပြ
DVB
·
March 29, 2024
ဂျပန်ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုကို ပြည်သူများ ဆန္ဒပြ
Donate to DVB

ဂျပန်ပါလီမန်ဟာ ဧပြီလမှာစတင်မယ့် ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို စုစုပေါင်း ယန်း ၁၁၂ ဒသမ ၅၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၄၃ ဒသမ ၈၅ ဘီလီယံခန့်) ကို မတ် ၂၈ ရက်မှာ တိုးမြှင့်အတည်ပြုခဲ့တာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဂျပန်ပြည်သူ အများအပြားက မတ် ၂၈ ရက်က တိုကျိုမြို့ရှိ ရှင်ဂျုကုဘူတာရုံ အပြင်ဘက်မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

ဘဏ္ဍာနှစ်သစ်အတွက် ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ မနှစ်ကနဲ့နှိုင်းယှဉ်ရင် ၁၆ ဒသမ ၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး ယန်း ၇ ဒသမ ၉၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၃၃ ဘီလီယံခန့်) အထိ ရှိလာခဲ့တာပါ။

“စစ်တပ်တိုးချဲ့မှုဟာ စစ်ပွဲကို ဦးတည်နေတယ်”၊ “စစ်ဘက်ဆိုင်ရာ ချဲ့ထွင်မှု အလိုမရှိ” စတဲ့ ကြွေးကြော်သံတွေနဲ့ ဒေသခံ ဆန္ဒပြသူတွေက သူတို့ရဲ့ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ခဲ့ကြပြီး အစိုးရရဲ့ အစီအမံကို ဆန့်ကျင်ကန့်ကွက်ကြပါတယ်။

ဂျပန်အစိုးရဟာ ကာကွယ်ရေးအသုံးစရိတ်တွေကို စဉ်ဆက်မပြတ် မြှင့်တင်နေပြီး စားသုံးခွန် အပါအဝင် အခွန်အခတွေကို တဖြည်းဖြည်း တိုးမြှင့်နေတာကြောင့် အခုလို ဆန္ဒပြကြတာ ဖြစ်ကြောင်း ဆန္ဒပြသူတယောက်က ပြောပါတယ်။

ဂျပန်အာဏာရညွန့်ပေါင်းအဖွဲ့၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနဲ့ ကိုမီးတိုးပါတီတို့ဟာ ဂျပန်၊ ဗြိတိန်နဲ့ အီတလီတို့ ပူးပေါင်းထုတ်လုပ်တဲ့ မျိုးဆက်သစ် တိုက်လေယာဉ်ကို တတိယနိုင်ငံတွေဆီ တင်ပို့ခွင့်ပြုဖို့ မကြာသေးခင်ကပဲ သဘောတူညီခဲ့ကြပါတယ်။

ဒါဟာ ဂျပန်ရဲ့ လက်နက်တင်ပို့မှု ထိန်းချုပ်မှုကို နောက်ထပ် ဖြေလျှော့မှုဖြစ်ပြီး နိုင်ငံရဲ့ ငြိမ်းချမ်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့ နောက်ထပ်ခြေလှမ်းဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဂျပန်ဟာ ငြိမ်းချမ်းရေးနိုင်ငံဖြစ်ရေးဆိုတဲ့ ကတိကဝတ်ကနေ လွဲသွားတာဟာ လက်မခံနိုင်စရာဘဲလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

ဂျပန်ကထုတ်တဲ့ ပစ္စည်းတွေဟာ တခြားနိုင်ငံတွေမှာ အကြမ်းဖက်မှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေ လုပ်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။

“ဂျပန်နိုင်ငံရဲ့ ငြိမ်းချမ်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ပွဲကို မဆင်နွှဲရဘူး။ ဒါကြောင့် ဂျပန်က လက်နက်မကိုင်သင့်ဘူး” လို့လည်း ဆန္ဒပြသူတဦးက ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013