DVB Logo
Home
နိုင်ငံတကာ
ရာဖာစစ်ရေးအစီအစဥ် အစည်းအဝေး ရက်ရွှေ့ပေးရန် အမေရိကန်ကို အစ္စရေး တောင်းဆို
DVB
·
March 28, 2024
ရာဖာစစ်ရေးအစီအစဥ် အစည်းအဝေး ရက်ရွှေ့ပေးရန် အမေရိကန်ကို အစ္စရေး တောင်းဆို
Donate to DVB

ဂါဇာတောင်ပိုင်း ရာဖာမြို့အတွက် စစ်ရေးအစီအစဥ်ဆိုင်ရာ အဆင့်မြင့်အစည်းအဝေးကို ရက်ရွှေ့ပေးဖို့ အစ္စရေးက အမေရိကန်အစိုးရကိုတောင်းဆိုလိုက်ကြောင်း မတ် ၂၇ ရက်မှာ တာဝန်ရှိသူတွေက ပြောကြားလိုက်ပြီး မဟာမိတ်နှစ်နိုင်ငံကြားက တင်းမာမှုတွေကို ဖြေလျှော့ဖို့ ထင်ရှားတဲ့ ကြိုးပမ်းမှုတခုဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂမှာ မတ် ၂၅ ရက်က ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို အမေရိကန်က ခွင့်ပြုလိုက်ပြီးနောက်မှာ နေတန်ယာဟုက အစ္စရေးကိုယ်စားလှယ်အဖွဲ့ ဝါရှင်တန်ကို သွားရောက်ဖို့ စီစဉ်ထားမှုကို ပယ်ဖျက်ခဲ့တာကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပိုမိုနက်ရှိုင်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ပတ်သက်လို့ စိုးရိမ်နေတဲ့ အမေရိကန်ရဲ့ ကြိုးပမ်းမှုလမ်းကြောင်းမှာ အတားအဆီးသစ်တခု ဖြစ်သွားခဲ့ပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ်ကလည်း အခုသီတင်းပတ်အတွင်း အကြီးတန်း အမေရိကန်အရာရှိတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး အစိုးရနှစ်ရပ်ကြားက အပူချိန်ကို လျှော့ချဖို့ ကြိုးပမ်းခဲ့ပါတယ်။

အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေဖြစ်ခဲ့ပြီး ရာဖာကိစ္စဟာ အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ခ် ဆူလီဗန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၊ ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်၊ စီအိုင်အေညွှန်မှူး ဘီလ်ဘန်းစ်တို့နဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ များစွာထဲက တခုဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရင်းန် ယွန်-ဖြယ်ရ်က ပြောပါတယ်။

ဝန်ကြီးချုပ်ရုံးဟာ ရာဖာကို ရည်ညွှန်းတဲ့ အစည်းအဝေးကို ပြန်လည်ကျင်းပဖို့ သဘောတူညီလိုက်ကြောင်းလည်း ယွန်-ဖြယ်ရ်က မတ် ၂၇ ရက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒါကြောင့် သူတို့နဲ့ အဆင်ပြေတဲ့ရက်စွဲ သတ်မှတ်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ဝါရှင်တန်ရှိ အစ္စရေးအရာရှိတဦးကလည်း အစည်းအဝေးအသစ်တခု စီစဉ်နေကြောင်း အတည်ပြုခဲ့ပြီး နေတန်ယာဟုက လာမယ့်သီတင်းပတ် အစောပိုင်းမှာ သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ဖို့ စဉ်းစားနေကြောင်း ပြောကြားခဲ့ပါတယ်။ နေတန်ယာဟုရဲ့ ရုံးခန်းကတော့ ချက်ချင်း မှတ်ချက်မပေးပါဘူး။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013