DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးအတွက် ‌ကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံခန့် အသုံးပြုမည်
DVB
·
March 28, 2024
အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးအတွက် ‌ကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံခန့် အသုံးပြုမည်
Donate to DVB

ဆယ်စုနှစ်တခုအတွင်း အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံနဲ့ နယ်နိမိတ်တလျှောက် နယ်စပ်ခြံစည်းရိုးတခု တည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံနီးပါး သုံးစွဲသွားမယ်လို့ AsiaNews သတင်းမှာဖော်ပြပါတယ်။

ဒီစီမံကိန်းကိုတော့ အခုနှစ်အစောပိုင်း ဇန်နဝါရီလတုန်းက ကြေညာချက်ထုတ်ခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ အိန္ဒိယအစိုးရကော်မတီက ဘတ်ဂျတ်ကို အတည်ပြုပြီးနောက် ဒီအစီအစဥ်ကို အကောင်အထည်ဖော်နေပြီလို့ ဆိုပါတယ်။

ကီလိုမီတာ ၁,၆၁၀ အကွာအဝေးရှိတဲ့ နယ်စပ်တလျှောက် သွယ်တန်းမယ့် အဆိုပါ ခြံစည်းရိုးဟာ မြန်မာနိုင်ငံဘက်က ပြည်တွင်းပဋိပက္ခတွေကြောင့် ထွက်ပြေးလာကြသူတွေ အပါအဝင် တရားမဝင် လှုပ်ရှားမှုအမျိုးမျိုးကို တားဆီးနိုင်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး တကယ်တော့ ဒီခြံစည်းရိုးခတ်လိုက်တာက အိန္ဒိယနဲ့ မြန်မာကြား လွတ်လပ်စွာ သွားလာ လှုပ်ရှားမှုရဲ့ အဆုံးသတ် အမှတ်အသား ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီကကတည်းက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက်ကို ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေး ခိုလှုံနေကြရတာပါ။

ဒါ့အပြင် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ကသည်းနဲ့ ကူကီးတွေရဲ့ လူမျိုးရေး ပဋိပက္ခဟာလည်း မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကြောင့်လို့ ပြည်နယ်အစိုးရက ယူဆပြီး ဒုက္ခသည်တွေ ထပ်မံဝင်ရောက်လာပါက ဒေသခံအချင်းချင်း ဟန်ချက်ညီမှုကို မတည်မငြိမ် ဖြစ်စေမှာကိုလည်း အစိုးရက စိုးရိမ်နေတာ ဖြစ်ပါတယ်။

စီမံကိန်းထဲမှာတော့ အိန္ဒိယရဲ့ အဓိက စစ်စခန်းတချို့ကို နယ်စပ်နဲ့ဆက်သွယ်ဖို့ အပြိုင်နဲ့ ချိတ်ဆက်လမ်းတွေ ပါဝင်ပြီးတော့ ကုန်းမြေအနေအထားနဲ့ ခေတ်မီနည်းပညာတွေ အသုံးပြုမှုကြောင့် ခြံစည်းရိုးနဲ့ လမ်းတွေ တည်ဆောက်ရေးအတွက် ၁ ကီလိုမီတာကို ရူပီး ၁၂၅ သန်း (အမေရိကန်ဒေါ်လာ ၁ သန်းခွဲ) နီးပါးကုန်ကျနိုင်မယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တခုက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ တည်ဆောက်ခဲ့တဲ့ ခြံစည်းရိုးက ၁ ကီလိုမီတာကို ရူပီး ၅၅ သန်း ကုန်ကျခံခဲ့တာနဲ့ နှိုင်းယှဉ်သုံးသပ်ရင်တော့ ဒါက တကယ့်ကို ဈေးကြီးနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Source: AsiaNews

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013