DVB Logo
Home
မြန်မာသတင်း
ဓနုဖြူမြို့နယ်တွင် မူလတန်းကျောင်းပိုင်မြေကို ရောင်းစား
DVB
·
September 9, 2014
ဓနုဖြူမြို့နယ်တွင် မူလတန်းကျောင်းပိုင်မြေကို ရောင်းစား
1 / 2
Donate to DVB

ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်ထဲက နှစ် ၅၀ ကျော် တည်ရှိခဲ့တဲ့ တော်ဖျား အစိုးရ မူလတန်း ကျောင်းပိုင်နေရာကို ပုဂ္ဂလိကထံ ရောင်းစားလိုက်တဲ့အတွက် ဒေသခံတွေက မကျေနပ် ဖြစ်နေပါတယ်။

School 1 copyဓနုဖြူမြို့နယ် စခန်းကြီးကျေးရွာ အုပ်စုထဲမှာ ၁၉၅၈ ခုနှစ်ကတည်းက ဆောက် လုပ်ထားတဲ့ တော်ဖျား အစိုးရ မူလတန်းကျောင်း ပိုင် မြေနေရာ ကို ကျေးရွာဥက္ကဋ္ဌ နဲ့ ကျောင်းအုပ် တို့ ပေါင်း ပြီး ရောင်းစား ခဲ့တာ လို့ ဒေသခံတွေ က ပြော ပါတယ်။

ကျောင်းဆောက်ဖို့ စတင်ကတည်းက ဒေသခံဦးစိန်က မြေ ၂.၆ ဧက လှူဒါန်းခဲ့ပြီး အစိုးရ မူလတန်းအဖြစ် သတ်မှတ်ပြီးကတည်းက မြေစာရင်းဌာနကို ကျောင်းမြေအဖြစ် နှစ်စဉ် အခွန်ဆောင်လာခဲ့ပါတယ်။

ကျောင်းတိုးချဲ့ဆောက်လုပ်ဖို့ မြေစာရင်းရုံးကို စာတင်တဲ့အခါမှ ကျောင်းပိုင်မြေ မဟုတ်တော့ပဲ ပုဂ္ဂလိကပိုင်မြေ ဖြစ်သွားတာကို သိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

School copyဒေသခံတဦးက “တကယ်ဆို ရောင်းစားဦး၊ ဒီမှာ ကျောင်းသားမိဘ ရပ်ရွာအဖွဲ့အစည်းတွေကို လည်း တိုင်ပင်ရမယ်။ ပိုင်ရှင်အလှူရှင်ကိုလည်း တိုင်ပင်ရမယ်။ အခုက လုံးဝအသိမပေးပဲ ဒီလိုလုပ်လိုက်တာ မဖြစ်သင့် မဖြစ်ထိုက်တဲ့အလုပ်တခုပဲ” လို့ ပြောပါတယ်။

၂၀၀၁ ခုနှစ်တုန်းက ရွာသားတွေရဲ့ ဆန္ဒမပါပဲ ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှာ ပါဝင်တဲ့  ကျေးရွာဥက္ကဋ္ဌ ဦးစိုးဝင်းက ရွာ နဲ့ ၁ မိုင်လောက်ဝေးတဲ့ စားကျက်မြေမှာ ကျောင်းဆောင် အသစ် ဆောက်လုပ်တဲ့အတွက် ဒေသခံတွေက တိုင်ကြားခဲ့တာကြာင့်  မူလကျောင်းနေရာမှာပဲ ပြုပြင်တည်ဆောက်မှုတွေ လုပ်ပေးခဲ့ပါတယ်။

အဲဒီနောက် မူလကျောင်းအနားမှာ ပေ ၁၂၀ နဲ့ ပေ ၃၀ ရှိတဲ့ အဆောက်အဦ ဆောက်လုပ်ဖို့ မြေစာရင်းရုံးကို တင်တော့မှ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ပုဂ္ဂလိကထံ ရောင်းချပြီး ဖြစ်ကြောင်း ဒေသခံတွေ သိရှိခဲ့ကြတာကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ  တိုင်ကြားခဲ့ပေမယ့် မပြေလည်ခဲ့ဘူးလို့ ပြောပါတယ်။

ဒေသခံတဦးက “မြို့နယ်အုပ်ချုပ်ရေးမှူးက ကျနော်တို့ကို ဒီကျောင်းရဲ့ ဖျက်မိန့်ကျနေပြီဆိုတဲ့ အမိန့်စာလေးကို ဖတ်ပြတယ်။ ဖျက်ချပြီးတော့ ကျောင်း ၂ ကျောင်း ပေါင်းစည်းဖို့ ပြောရင်းနဲ့ ကျောင်းဖျက်တဲ့ကိစ္စမှာ ဖျက်လို့ ဒေသခံတွေက ကျောင်းသားမိဘအကုန်လုံး အားလုံးက ကန့်ကွက်မယ်ဆိုရင် သူတို့ဘက်ကနေ ဥပဒေအတိုင်း လုပ်ဆောင်သွားမယ် ဆိုတဲ့အကြောင်းကို ပြောတယ်” လို့ ဆိုပါတယ်။

ရွာနဲ့ ၁ မိုင်လောက်ဝေးတဲ့ကျောင်းမှာ သွားရောက်ပေါင်းရမယ်လို့ ပြောပြီး အခုနှစ် ၂၀၁၄ စာသင်နှစ်မှာ ကျောင်းဆရာတွေ လုံးဝ မပို့တော့တဲ့အတွက် ဒေသခံတွေ အခက်တွေ့ နေရပါတယ်။

ဒေသခံတဦးက “ဟိုးဘိုးစဉ်ဘောင်ဆက်ကတည်းက တက်လာတဲ့ကျောင်းလေး၊ ဒီကျောင်းကို  နှစ်စဉ်နှစ်တိုင်း ဆရာနဲ့ ဆရာမတွေ လာသင်တယ်။ ဒီနှစ်မှ ဆရာနဲ့ ဆရာမ လာ မသင်ဘူး။ ကျောင်းစဖွင့် ကတည်းက ကျောင်းသား မိဘတွေရော၊ ကျောင်းသားတွေရော နေ့စဉ်ရက်မပျက် ဒီမှာ တက်နေတယ်။ အဲဒါကို အုပ်ချုပ်ရေးမှူးက လာမသင်ခိုင်းဘူး” လို  ပြောပါတယ်။

ကျေးရွာဒေသခံတွေကတော့ အစိုးရကျောင်းမြေ ရောင်းစားထားသူတွေကို အရေးယူပေးဖို့ အဆင့်ဆင့် တိုင်ကြားထားပေမယ့် ခုချိန်ထိ အရေးယူမှု တစုံတရာ မရှိဘဲ ရှိပြီးသားကျောင်းကိုပါ ဆုံးရှုံးလိုက်ရတဲ့အတွက် မကျေနပ်ဖြစ်ရကြောင်း ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013