DVB Logo
Home
နိုင်ငံတကာ
တရုတ်နိုင်ငံသား ၆ ဦး သေဆုံးခဲ့ရသည့် အသေခံဗုံးခွဲမှုကို စုံစမ်းစစ်ဆေးရန် ပါကစ္စတန်ကို တောင်းဆို
DVB
·
March 28, 2024
တရုတ်နိုင်ငံသား ၆ ဦး သေဆုံးခဲ့ရသည့် အသေခံဗုံးခွဲမှုကို စုံစမ်းစစ်ဆေးရန် ပါကစ္စတန်ကို တောင်းဆို
Donate to DVB

ပါကစ္စတန်နိုင်ငံမှာ တရုတ်နိုင်ငံသား ၆ ဦး သေဆုံးခဲ့ရတဲ့ အသေခံဗုံးခွဲမှုကို စုံစမ်းစစ်ဆေးပေးဖို့နဲ့ ပါကစ္စတန်ရှိ တရုတ်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံပေးဖို့ တရုတ်နိုင်ငံခြားရေးဌာနက ပါကစ္စတန် အစိုးရကို မတ်လ ၂၇ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

မတ် ၂၆ ရက်က ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ ရေကာတာစီမံကိန်းမှာ လုပ်ကိုင်နေတဲ့ တရုတ်အင်ဂျင်နီယာတွေရဲ့ ယာဉ်တန်းကို အသေခံဗုံးခွဲသူက မော်တော်ယာဉ်နဲ့ မောင်းဝင်တိုက်ချခဲ့တာ ဖြစ်ကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက “ဒီအကြမ်းဖက်လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်း ဖော်ပြပြီး ကျန်ရစ်သူ မိသားစုတွေကို စိတ်ရင်းမှန်နဲ့ ကိုယ်ချင်းစာပါတယ်” လို့ ပြောပါတယ်။

ဒီအဖြစ်အပျက်အပြီးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပါကစ္စတန်ရှိ တရုတ်သံရုံးတို့ဟာ အရေးပေါ် တုံ့ပြန်ရေး ယန္တရားတခုကို ချက်ချင်း စတင်ခဲ့ပြီး အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပေကျင်းနဲ့ အစ္စလာမာဘတ်တို့မှာ ပါကစ္စတန်နဲ့ နီးကပ်တဲ့ အဆက်အသွယ်ရှိထားပြီး ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့၊ သေဆုံးသူတွေကို နှစ်သိမ့်ပေးဖို့နဲ့ ပါကစ္စတန်မှာရှိတဲ့ တရုတ်ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် ထိရောက်တဲ့ အစီအမံတွေ ဆောင်ရွက်ပေးဖို့၊ ပါကစ္စတန်မှာ တရုတ်ဝန်ထမ်းတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံမှုရှိစေဖို့ ပါကစ္စတန်ကို တရုတ်ကတောင်းဆိုပါတယ်။ 

Source/Photo-Akhtar Soomro/Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013