စရိတ်နည်း Asia Zest လေကြောင်းလိုင်း မနီလာ- ရန်ကုန် ပျံသန်းမည်
DVB
·
September 9, 2014

ဖိလစ်ပိုင်နိုင်ငံကို အခြေပြုပြီး မလေးရှား၊ တရုတ်၊ ထိုင်ဝမ်နဲ့ ကိုရီးယားအပါအ၀င် ခရီးစဉ် ၂၀ ကို ပျံသန်းနေတဲ့ စရိတ်နည်း Asia Zest လေကြောင်းလိုင်းဟာ မြန်မာနိုင်ငံ ရန်ကုန်ကို ပျံသန်းခွင့် သဘောတူညီချက် ရခဲ့ပြီလို့ လေကြောင်းလိုင်း အမှုဆောင်အရာရှိ ဒီကင်ဗရာ ပြောတာကို ကိုးကားပြီး World News Report သတင်းဌာနက ဖော်ပြပါတယ်။
မြန်မာနိုင်ငံ လေကြောင်း လိုင်း ဘုတ်အဖွဲ့က ဖိလစ်ပိုင်နိုင်ငံ မနီလာနဲ့ ရန်ကုန်အကြား ၁ ပတ် ၃ ကြိမ် ပျံသန်းပြေးဆွဲဖို့ ခွင့်ပြုပေးလိုက်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ပြုပြီးတဲ့ နိုင်ငံတွေ ဖြစ်တာကြောင့် လေကြောင်းခရီးစဉ်ပြေးဆွဲမှု အကျိုးအမြတ် ရှိလိမ့်မယ်လို့လည်း ဒီကင်ဗရာက ပြောပါတယ်။
