DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက ကမ်းခြေများတွင် သင်္ကြန်အတွက် ဟိုတယ်အခန်း ကြိုတင်မှာယူသူ များပြားနေ
DVB
·
March 27, 2024
ဧရာဝတီတိုင်းက ကမ်းခြေများတွင် သင်္ကြန်အတွက် ဟိုတယ်အခန်း ကြိုတင်မှာယူသူ များပြားနေ
Donate to DVB

သင်္ကြန်ကာလ အားလပ်ရက်ကာလအတွက် ဧရာဝတီတိုင်းမှာရွိတဲ့ ချောင်းသာ၊ ငွေဆောင်နဲ့ ရွှေသောင်ယံကမ်းခြေတွေမှာ ဟိုတယ်အခန်းကြိုတင်မှာယူတာတွေ များပြားနေတယ်လို့ ခရီးသွားလုပ်ငန်းရှင်များအသင်းဆီက သိရပါတယ်။

ချောင်းသာ၊ ငွေဆောင်နဲ့ ရွှေသောင်ယံ ကမ်းခြေတွေက ဟိုတယ်တွေမှာ သင်္ကြန်ကာလ အားလပ်ရက်မှာ အပန်းဖြေ အနားယူဖို့အတွက် လက်ရှိ ၈၀ ရာခိုင်နှုန်းကျော်အထိ ဟိုတယ်အခန်း ကြိုတင်မှာယူထားတယ်လို့ ဆိုပါတယ်။

''အခုနှစ် ဧရာဝတီကမ်းခြေတွေကို ပုံမှန်ရက်တွေမှာလည်း ခရီးသွားဧည့်သည်တွေလာတာ များနေတယ်။ လာမယ့် သင်္ကြန်ကာလ အားလပ်ရက်အပန်းဖြေဖို့အတွက်ဆိုပြီး ဟိုတယ်နဲ့ တည်ခိုရိပ်သာတွေမှာ အခန်းကြိုတင် မှာယူတာတွေများတယ်။ လက်ရှိလည်း နွေရာသီဖြစ်တာနဲ့ ကျောင်းပိတ်ရက်ဖြစ်လို့ ကမ်းခြေတွေကို လာတဲ့ဧည့်သည်တွေ များနေတယ်" လို့ ဧရာဝတီတိုင်း ခရီးသွား လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဧရာဝတီတိုင်းက ငွေဆောင်ကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေ၊ ချောင်းသာကမ်းခြေ ခရီးစဉ်တွေနဲ့ ဆက်စပ်ပြီး ခရီးသွားဧည့်သည်တွေ လည်ပတ်နိုင်ဖို့အတွက် သက်ဆိုင်ရာ သစ်တော ဦးစီးဌာန ဆင်စခန်းတွေနဲ့ပေါင်းစပ်ကာ မြွေကျွန်း၊ သမီးလှကျွန်း၊ လိပ်ကျွန်း စတဲ့ စိတ်ဝင်စားစရာ နေရာတွေကိုလည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။

''အခုအချိန်အထိတော့ လာတဲ့ ဧည့်သည်တွေ ပြဿနာတစုံတရာ ဖြစ်ပွားတာမရှိပါဘူး။ လက်ရှိ ကမ်းခြေတွေတော့ ရန်ကုန်တိုင်းဘက်က အလာများနေတယ်၊ သင်္ကြန်ကာလ အပန်းဖြေဖို့ ဟိုတယ်တွေမှာ အခန်းဘိုကင်ယူတဲ့သူတွေ တော်တော်များနေတာ။ သတင်းကျွတ်ကာလတုန်းက ဟိုတယ်တွေကော၊ တည်ခိုခန်းတွေပါပြည့်ခဲ့တဲ့အထိ ဖြစ်ခဲ့တယ်” လို့ ဟိုတယ်လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

ဒါ့အပြင် ကမ်းခြေတွေမှာ လုပ်ငန်းလိုင်စင် ထုတ်ပေးထားတဲ့ ဟိုတယ်နဲ့တည်းခိုရိပ်သာ အလုံးရေ ၁၂၀ အထိရှိပြီး ပုသိမ်မြို့နဲ့ တခြားဒေသတွေမှာ ၄၆ လုံး၊ ငွေဆောင်ကမ်းခြေမှာ ၃၅ လုံး၊ ချောင်းသာနဲ့ ရွှေသောင်ယံကမ်းခြေမှာ ၃၉ လုံးရှိတယ်လို့ သိရပါတယ်။

အဲ့ဒီကမ်းခြေတွေမှာ ဒေသခံတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ပင်လယ်စာအမျိုးအမျိုးနဲ့ လက်ဆောင်ပစ္စည်းအမျိုးအမျိုးကို ဆိုင်ခန်းတွေ ဖွင့်လှစ်ရောင်းချပေးနေပြီး မြင်းစီးအပန်းဖြေချင် သူတွေ၊ မော်တော်ဘုတ်စီး အပန်းဖြေတာတွေ၊ ဘောကွင်းစီး အပန်းဖြေချင်သူတွေအတွက် စီစဉ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013