
ရန်ကုန်တိုင်းအစိုးရအဖွဲ့က အကောင်အထည်ဖော်မယ့် ရန်ကုန်မြို့သစ် စီမံကိန်းထဲက ဧက ၅၀၀ လောက်ကျယ်မယ့် ဧရိယာမှာ နိုင်ငံတကာ အဆင့်မီ Whole Sale ငါးလက်ကားဈေးကြီးတခု တည်ဆောက်မယ့် စီမံကိန်း ပြင်ဆင်နေတယ်လို့ သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းက ပြောပါတယ်။
စက်တင်ဘာ ၈ ရက်နေ့က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံစဉ်မှာ သူက ထုတ်ဖော်ပြော ဆိုခဲ့တာ ဖြစ်ပြီး စီမံကိန်းနဲ့ ပတ်သက်လို့ လက်ရှိ လွှတ်တော် ရေး ရာကော်မတီ ဥက္ကဋ္ဌ၊ အရင် မွေးမြူရေး နဲ့ရေလုပ်ငန်းဝန်ကြီးဖြစ်ခဲ့တဲ့ ဦးမောင်မောင်သိမ်းကို လည်း ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
သူ့အနေနဲ့ ရေလုပ်ငန်း လက်ကားဈေးကြီး တည်ဆောက်ဖို့ ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေကိုလည်း သွားလေ့လာခဲ့သေးကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၁၀၀ ကျော်လောက်ကနေ ဒေါ်လာ ဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံရတဲ့ လက်ကားဈေးကြီးတွေ ရှိတဲ့အကြောင်း ဦးကျော်ဆန်းက ပြောဆိုခဲ့ပါတယ်။
Whole Sale စီမံကိန်းကို သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတဆီ မကြာမီ တင်ပြ သွားမယ်လို့ သိရပါတယ်။











