DVB Logo
Home
အားကစား
၂၀၂၅ ခုနှစ်၌ တိုက်စစ်မှူးဟာလန်းကို ခေါ်ယူရန် ဘာစီလိုနာ ပစ်မှတ်ထား
DVB
·
March 27, 2024
၂၀၂၅ ခုနှစ်၌ တိုက်စစ်မှူးဟာလန်းကို ခေါ်ယူရန် ဘာစီလိုနာ ပစ်မှတ်ထား
Donate to DVB

လာမယ့် ၂၀၂၅ ခုနှစ်မှာ မန်စီးတီးတိုက်စစ်မှူးဟာလန်းကို အရခေါ်ယူနိုင်ဖို့ ဘာစီလိုနာအသင်းက ပစ်မှတ်ထားနေ ပါတယ်။

ဘာစီလိုနာအသင်းမှာ အသက်အရွယ်ရလာတဲ့တိုက်စစ်မှူး လီဝန်ဒေါစကီးက လာမယ့်နှစ် တရာသီ ကစားပြီးချိန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။

လီဝန်ဒေါစကီးအလွန်မှာ တိုက်စစ်မှူးတဦးနဲ့ အစားထိုးရမယ့် ဘာစီလိုနာအသင်းဟာ စီးတီးတိုက်စစ်မှူးဟာလန်းကို ပစ်မှတ်ထားနေပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေး တည်ဆောက်ထားတယ်လို့ စပိန်သတင်းစာ မန်ဒိုဒီပို့တီဗို သတင်းစာက ဖော်ပြပါတယ်။

မန်စီးတီးအသင်းဟာ ဟာလန်းကို ၂၀၂၇  ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာပါ။ ဒါပေမဲ့ နည်းပြဂွါဒီယိုလာ ထွက်ခွါဖို့ရှိတဲ့အပြင် အေးဂျင့်ဖြစ်သူ ရာဖယ်လာနဲ့ အသင်းအားကစားဒါရိုက်တာ ဒေကိုတို့အကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာတွေက ဟာလန်းကို ခေါ်ယူနိုင်ဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်အသင်းက အမ်ဘာပေလို တိုက်စစ်မှူးကို ခေါ်ယူနိုင်ချိန်မှာ ဘာစီလိုနာကလည်း ဟာလန်းလို တိုက်စစ်မှူးကို အပြိုင်ခေါ်ယူလိမ့်မယ်လို့ စပိန်သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013