DVB Logo
Home
မြန်မာသတင်း
ရပ်ဆိုင်းထားသည့် ရန်ကုန်-မော်လမြိုင်ရထား ပြန်ပြေးဆွဲ
DVB
·
March 26, 2024
ရပ်ဆိုင်းထားသည့် ရန်ကုန်-မော်လမြိုင်ရထား ပြန်ပြေးဆွဲ
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာ‌အနီး ပေါင်းကူးတံတား မိုင်းခွဲခံရပြီး ရပ်ဆိုင်းထားတဲ့ ရန်ကုန်-မော်လမြိုင် ရထားပြေးဆွဲမှုကို ၇ ရက်အကြာ မတ် ၂၅ ရက်မှာ ပြန်လည်စတင်ခဲ့တယ်လို့ မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ပါတယ်။

သထုံမြို့နယ်၊ သိမ်ဆိပ်နဲ့ ဒုံဝန်းဘူတာကြား ပေါင်းကူးတံတားမှာ မတ် ၁၈ ရက်က ကျောက်တင်ရထား မိုင်းထိပြီး ရထားလမ်း ပေ ၂၀ နဲ့ အောက်ခံဘောင်တို့ ပျက်စီးခဲ့တာကြောင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်ကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။

မိုင်းခွဲခံရတဲ့ ပေါင်းကူးတံတားကို မတ် ၂၃ ရက်မှာ ပြန်လည်ပြင်ဆင်ပြီး ရထားပြေးဆွဲဖို့ စီစဉ်ခဲ့ပေမဲ့ လုံခြုံရေးအခြေအနေကြောင့် မတ် ၂၅ ရက်မှ ရထားပြေးဆွဲနိုင်တာ ဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီး ဝန်ထမ်းတဦးက ပြောပါတယ်။

“ရထားခရီးစဉ်တွေကို ပုံမှန်ပြန်ပြေးဆွဲနိုင်အောင် ကြိုးစားနေပါတယ်။ အခုက ရထားခရီးသည် နည်းနေတယ်ဆိုတာ ရထားထွက်တာ မသိတာနဲ့ လုံခြုံရေး အခြေအနေကြောင့်လည်း ဖြစ်မယ်ထင်တယ်။ တဖြည်းဖြည်းနဲ့ ပြန်များလာမယ်လို့တော့ ထင်တယ်။”

စတင်ပြေးဆွဲခဲ့တဲ့ မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်မှာ အထက်တန်းခရီးသည် ၄၁ ဦးနဲ့ ရိုးရိုးတန်းခရီးသည် ၄၉ ဦး စုစုပေါင်း အ‌ေယာက် ၉၀ သာ စီးနင်းခဲ့‌ပါတယ်။

သင်္ကြန်နားနီးတဲ့အချိန်မှာ မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ် ပြန်ပြေးဆွဲတာဟာ ခရီးသွားတွေအတွက် ပိုအဆင်ပြေနိုင်တယ်လို့ မော်လမြိုင်ဒေသခံတဦးက ပြောပါတယ်။

မော်လမြိုင်-ရန်ကုန် လက်မှတ်ခတွေဟာ ရိုးရိုးတန်းအတွက် ကျပ် ၆,၀၀၀ နဲ့ အထက်တန်းအတွက် ကျပ် ၁၁,၀၀၀ သတ်မှတ်ထားပါတယ်။

မော်လမြိုင်-ရန်ကုန် အထက်တန်းရထားလက်မှတ်တွေကို သုံးရက်ကြိုတင် ရောင်းချမှာဖြစ်ပြီး ရိုးရိုးတန်း ရထားလက်မှ‌တ်ကိုတော့ တရက်ကြိုတင်ပြီး မော်လမြိုင်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံမှာ မနက် ၇ နာရီကနေ နေ့လယ် ၃ နာရီအထိ ရောင်းချသွားမှာ ဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013