DVB Logo
Home
မြန်မာသတင်း
ပုသိမ်ထောင်တွင် ထောင်ဝင်စာပါဆယ်ပစ္စည်း ပေးပို့မှု ကန့်သတ်
DVB
·
March 26, 2024
ပုသိမ်ထောင်တွင် ထောင်ဝင်စာပါဆယ်ပစ္စည်း ပေးပို့မှု ကန့်သတ်
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ပုသိမ်အကျဉ်းထောင်မှာ မတ် ၂၀ ရက်ကစပြီး နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ဝင်စာ ပါဆယ်ပစ္စည်းပေးပို့မှု ပစ္စည်းတွေ ကန့်သတ်ခံရတာကြောင့် အကျဉ်းသားတွေနဲ့ မိသားစုတွေ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနဲ့ စစ်ကောင်စီတပ်က ပုသိမ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို အစားအသောက်နဲ့ ထောင်ဝင်စာပါဆယ်ပစ္စည်းတွေ ပေးပို့ရာမှာ အသီးအနှံတွေကို တကြိမ်ကို တမျိုး အရေအတွက် ကန့်သတ်ထားပြီး မုန့်ခြောက်တွေကို ၂၅ ကျပ်သားထက် မပိုရ၊ အသားကြော်တွေကို တမျိုးကို ၅၀ ကျပ်သားအထိသာ ပေးပို့ရမယ်လို့ ဆိုပါတယ်။

ပုသိမ်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တဦးက “ဘယ်အသီးပို့ပို့ ကန့်သတ်ခံနေရတယ်၊ လိမ္မော်သီးပို့ရင် စပျစ်သီးထပ်ထည့်ပေးလို့ မရဘူး။ အသီးတွေဆို တမျိုးတည်းပဲ ပေးရတယ်။ အသားကြော်တွေဆိုလည်း ကြက်ဆိုကြက်ပဲ၊ နောက်ထပ် ငါးကြော်ထည့်လို့မရဘူး။ ခေါက်ဆွဲခြောက်ဆို တခါပို့ ငါးထုပ်ဆိုပြီး အထွေထွေ အသေးစိတ် ကန့်သတ်လိုက်တာ။ တော်တော်အဆင်မပြေဘူး။ ကျုံပျော်မြို့ကနေ လာပို့ရတာ။ ဒီလိုကန့်သတ်ချက်တွေကြောင့် အတော့်ကို အဆင်မပြေ ဖြစ်နေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီ ဝန်ထမ်းတွေက ကန့်သတ်ချက်ကြောင့် ရပ်ဝေးကနေလာပြီး ထောင်ဝင်စာတွေ့သူ အများစုမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ထောင်ဝင်စာ ပါဆယ်စနစ်ကို တလစာ သို့မဟုတ် ၁၅ ရက်စာ ပေးပို့ခွင့်ပြုပေးဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက “စကစရဲ့အမိန့်နဲ့ အခုလိုလုပ်တာလို့ သိရတယ်။ ဝန်ထမ်းအင်အားနည်းတော့ စစ်ဆေး စိစစ်ဖို့လည်း အားနည်းနေတယ်လေ။ ဒါ့ကြောင့် ကန့်သတ်တာဖြစ်ပါတယ်။ တခုထူးတာ နိုင်ငံရေးအကျဉ်းသားတွေကိုပဲ ဇောင်းပေးကန့်သတ်နေတာ။ စကစက နိုင်ကျဉ်းတွေအပေါ် အငြိုးကြီးတယ်” လို့ ပြောပါတယ်။

ပုသိမ်အကျဉ်းထောင်မှာ ထောင်ဝင်စာ ပါဆယ်ပစ္စည်း လာပို့သူတွေကို တဦးတည်းသာလာဖို့၊ နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)တွေ၊ သန်းခေါင်စာရင်းတွေ၊ ရဲစခန်း ထောက်ခံစာတွေပါ ယူလာဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကျဉ်းထောင်ကို ထောင်ဝင်စာ ပုံမှန်တွေ့ဖို့ မိသားစု မလာနိုင်သူတွေ အနေနဲ့လည်း ကိုယ်စားကူညီနေသူတွေပါ မလာဖို့ ကန့်သတ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013