DVB Logo
Home
နိုင်ငံတကာ
မော်စကို ဂီတဖျော်ဖြေပွဲ တိုက်ခိုက်မှုဖြင့် လူ ၃ ဦးကို ထောင်ဒဏ်ချမှတ်
DVB
·
March 26, 2024
မော်စကို ဂီတဖျော်ဖြေပွဲ တိုက်ခိုက်မှုဖြင့် လူ ၃ ဦးကို ထောင်ဒဏ်ချမှတ်
Donate to DVB

ရုရှားမြို့တော် မော်စကိုမှာ မတ် ၂၅ ရက်က လူပေါင်းရာချီ သေဆုံးခဲ့ပြီး နောက်ထပ် လူရာချီ ဒဏ်ရာရခဲ့တဲ့ ကပွဲရုံ တိုက်ခိုက်မှုအတွက် နောက်ထပ်သံသယရှိသူသုံးဦးကို ဘက်စ်မန်နီ ခရိုင်တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

ညီအစ်ကိုနှစ်ဦးဖြစ်တဲ့ ဒီလိုဗာနဲ့ အာမင်ချုံ အစ္စလိုမော့ဗ်နဲ့ သူတို့ဖခင် အစ္စရွိုင်း အစ္စလိုမော့ဗ်တို့ကို မေ ၂၂ ရက်မှာ ရုံးတင်မစစ်ဆေးမီ ထိန်းသိမ်းထားမှာပါ။

ဒီလိုဗာဟာ ကပွဲရုံဆီလာရာမှာ သံသယရှိ တိုက်ခိုက်သူတွေ သုံးခဲ့တဲ့ အဖြူရောင် ရေးနော့ထ်ကားရဲ့ နောက်ဆုံးပိုင်ရှင်လို့ ယူဆထားပါတယ်။

သူနဲ့ သူ့အစ်ကိုတို့က တိုက်ခိုက်မှုအကြောင်း သိချိန်မှာ ရဲတပ်ဖွဲ့ဆီ သူတို့အသိစိတ်နဲ့ သူတို့ လက်နက်ချခဲ့တယ်လို့ ဆိုပါတယ်။ အာမင်ချုံကတော့ အပြစ်မရှိကြောင်း ဝန်ခံခဲ့တယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

သူတို့သုံးဦးဟာ တာဂျစ်ကစ္စတန်နိုင်ငံ ဒူရှန်ဘေကနေ ရောက်လာတာဖြစ်ပြီး ဒီလိုဗာနဲ့ အာမင်ချုံတို့က ရုရှားနိုင်ငံသားတွေပါ။

အစောပိုင်းမှာ ရုရှားအာဏာပိုင်တွေက ကပွဲရုံတိုက်ခိုက်မှုနဲ့ ဆက်နွှယ်သူ ၁၁ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အမှန်တကယ် သေနတ်သမားလို့ ယူဆရတဲ့ သူတို့လေးဦးကို တနင်္ဂနွေနေ့မှာ စွဲချက်တင်ပြီး ထောင်ထဲပို့ခဲ့ပါတယ်။၊

အကြမ်းဖက်မှု ကျူးလွန်မှုနဲ့ တရားရုံးမှာ စွဲချက်တင်ခံထားရတဲ့ လူလေးဦးစလုံး ရိုက်နှက်ခံခဲ့ရပုံရပြီး တဦးကို ဘီးတပ်ကုလားထိုင်နဲ့ တရားရုံးဆီ ပို့ဆောင်ခဲ့တယ်လို့ ဘီဘီစီ သတင်းဌာနက ဖော်ပြပါတယ်။

အစ္စလာမ္မစ်နိုင်ငံတော် နာမည်ခံ IS အဖွဲ့က ခရိုးကတ်စ်မြို့တော်ခန်းမကို တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုအထောက်အထားတွေကို အွန်လိုင်းပေါ်တင်ခဲ့ပြီး သူတို့ရုပ်သံတွေ စစ်မှန်တာကို ဘီဘီစီက စစ်ဆေး အတည်ပြုခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေဟာ ကလေးငယ်သုံးဦး အပါအဝင် ၁၃၉ ဦးအထိ မြင့်တက်လာခဲ့တယ်၊ လူ ၁၈၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေး ကော်မတီ အကြီးအကဲ အလက်ဇန္ဒား ဘက်စထရီကင်က ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုရဲ့ ကနဦးရလဒ်တွေအရ သေသေချာချာ စီစဉ်ထားပြီး ပြင်ဆင်တိုက်ခိုက်ထားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၃၉ ဦးထဲက ၇၅ ဦးက ဘယ်သူဘယ်ဝါတွေဆိုတာ တနင်္လာနေ့က ဖော်ထုတ်နိုင်ခဲ့တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်ခဲ့တဲ့ တနင်္လာနေ့ အစည်းအဝေးမှာ သူက ပြောခဲ့ပါတယ်။

တိုက်ခိုက်ခံရတဲ့ မြို့တော်ခန်းမမှာ AK-74 ချေမှုန်းရေးရိုင်ဖယ် နှစ်လက်၊ ကျည် ၅၀၀ ကျော်၊ ကျည်ကတ် ၂၈ ကတ်နဲ့ ဓာတ်ဆီသဲလွန်စတွေပါတဲ့ ပုလင်းတွေကို တွေ့ခဲ့တယ်လို့ တူရကီ အခြေစိုက် အနာဒိုလူ သတင်းဌာနက ဖော်ပြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013