DVB Logo
Home
နိုင်ငံတကာ
နိုင်ငံတွင်း မူးယစ်‌ဆေးဝါး အကြမ်းဖက်မှု ဖြစ်ပွားနေဟု အီကွေဒေါသမ္မတ ပြော
DVB
·
March 26, 2024
နိုင်ငံတွင်း မူးယစ်‌ဆေးဝါး အကြမ်းဖက်မှု ဖြစ်ပွားနေဟု အီကွေဒေါသမ္မတ ပြော
Donate to DVB

အီကွေဒေါနိုင်ငံရဲ့ အသက်အငယ်ဆုံး မြို့တော်ဝန် သေဆုံးမှုဟာ အများပြည်သူ အဖွဲ့အစည်းအတွင်း မူးယစ်ဆေးဝါး အကြမ်းဖက်မှု ရှိနေတယ် ဆိုတာကို ပြသနေတယ်လို့ အီကွေဒေါသမ္မတ ဒန်နီရယ် နိုဘိုအာက မတ် ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

သမ္မတ နိုဘိုအာက“စန်ဗီဆန့်တေး မြို့တော်ဝန်ဂါစီယာနဲ့ သူ့ရဲ့ ဆက်သွယ်ရေးဒါရိုက်တာ ဟိုင်းရိုးလောရ် တို့ရဲ့ လုပ်ကြံသတ်ဖြတ်ခံရမှုဟာ နိုင်ငံမှာ မူးယစ်-အကြမ်းဖက် တိုက်ပွဲတွေ မပြီးဆုံးသေးကြောင်းနဲ့ အခုမှ စတင်ရုံဖြစ်ကြောင်းကို သတိပေးနေတာဖြစ်တယ်” လို့ ပြောပါတယ်။

နိုင်ငံရဲ့ အသက်အငယ်ဆုံး မြို့တော်ဝန် ဘရစ်ဂစ် ဂါစီယာနဲ့ ဝန်ထမ်းတဦးတို့ဟာ မတ် ၂၄ ရက် အစောပိုင်းမှာ ကားတစီးအတွင်း ပစ်သတ်ခံခဲ့ရကြောင်း တောင်အမေရိက ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် စန်ဗီဆန့်တေးမြို့တော်ဝန် ဂါစီယာနဲ့ သူ့ရဲ့ ဆက်သွယ်ရေးဒါရိုက်တာ ဟိုင်းရိုးလောရ် တို့ရဲ့ ရုပ်အလောင်းတွေကို မာနာဘီပြည်နယ်မှာ ရှာဖွေတွေ့ရှိပြီးနောက် သူတို့ရဲ့ သေဆုံးမှုတွေကို စုံစမ်းစစ်ဆေးနေကြောင်း အမျိုးသားရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

သူတို့နှစ်ဦးစလုံး သေနတ်ဒဏ်ရာတွေ ရရှိခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီသေနတ်ပစ်ခတ်မှုဟာ မြို့တော်ဝန် စီးနင်းလာတဲ့ မော်တော်ယာဉ်ရဲ့ GPS စနစ်ကို ခြေရာခံထားပြီး ငှားရမ်းထားတဲ့ မော်တော်ယာဉ်တစီးကနေ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ရဲတပ်ဖွဲ့က ပြောပါတယ်။

သမ္မတ နိုဘိုအာ ကတော့ ဒီဖြစ်ရပ်ဟာ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းတွေအတွင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အကြားမှာ မူးယစ်ဆေးဝါး-အကြမ်းဖက်မှုတွေ ရှိနေတာကို ပြနေတာဖြစ်ပြီး သတိပေးချက်နဲ့ အချက်အလက် အတိအကျတွေ၊ သတင်းပေးမှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

နိုဘိုအာရဲ့ အစိုးရဟာ အဲဒီသတ်ဖြတ်မှုကို ရှုတ်ချခဲ့ပြီး သူတို့ဟာ မြန်မြန်ဆန်ဆန် စုံစမ်းစစ်ဆေးမှုအတွက် ရဲတပ်ဖွဲ့နဲ့ အစိုးရရှေ့နေရုံးတို့နဲ့အတူ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

တောင်အမေရိကနိုင်ငံ အီကွေဒေါမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ အကြမ်းဖက်မှု လှိုင်းလုံးကြီးတွေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013