DVB Logo
Home
မြန်မာသတင်း
အိန္ဒိယနိုင်ငံ ဆန်တင်သွင်းမှုကြောင့် ဈေးကွက်သစ် ဖြစ်ပေါ်နိုင်
DVB
·
September 8, 2014
အိန္ဒိယနိုင်ငံ ဆန်တင်သွင်းမှုကြောင့် ဈေးကွက်သစ် ဖြစ်ပေါ်နိုင်
Donate to DVB

အိန္ဒိယနိုင်ငံအနေနဲ့ ပြည်ပကနေ ဆန်တန်ချိန် ၅ သိန်းတင်သွင်းမယ်လို့ ကြေညာထားပြီး ဒါဟာ မြန်မာနိုင်ငံအတွက် ဈေးကွက်သစ်တခုဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ် အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

Rice 2အိန္ဒိယနိုင်ငံအနေနဲ့ ဆန်ပိုလျှံတယ်ဆိုပြီး ၂၀၁၂ ခုလောက်ကစလို့ နှစ်စဉ် ဆန်တန်ချိန် ၄ သန်း ကျော်လောက်  ထုတ်ရောင်းရာကနေ အခုတော့  ပြည်ပကနေ ဆန်တင်သွင်းဖို့ ကြေညာ လိုက်တာဖြစ်ပါတယ်။

အိန္ဒိယအနေနဲ့ မဏိပူနဲ့ တမူးနယ်စပ်ကုန်တွင်းပိုင်းဒေသတွေအတွက် ဆန်လိုအပ်ချက်တွေ အတွက် အခုလို တင်းသွင်းတာဖြစ်ပြီး မြန်မာနိုင်ငံအတွက် ဈေးကွက်သစ်ခု ဖြစ်လာနိုင်တယ်လို့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

အိန္ဒိယအနေနဲ့ မြန်မာပြည်က ဆန်တန်ချိန် ဘယ်လောက်ထိဝယ်ယူမယ်ဆိုတာကတော့ တိတိကျကျမသိရသေးပါဘူး။

အိန္ဒိယနိုင်ငံထုတ် The Hidu သတင်းစာကတော့ အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံကနေ ဆန်တန်ချိန် ၁ သိန်းဝယ်ဖို့ အတည်ပြုလိုက်တဲ့အကြောင်းကို စက်တင်ဘာလ ၇ ရက်နေ့မှာ ရေးသားဖော်ပြပါတယ်။

မီဇိုရမ်နဲ့ တြိပူရ ပြည်နယ် လိုအပ်ချက်တွေပေါ်မူတည်ပြီး မြန်မာ့ ဆန် တန်ချိန် ၂၀၀၀၀ ကို လစဉ်တင်သွင်းခွင့်ပြုထားတာ ၅ လလောက် ရှိသွားပြီဖြစ်ကြောင်း အိန္ဒိယ အရာရှိက ပြောတယ်လို့ သတင်းမှာဖော်ပြပါတယ်။

မြန်မာနိုင်ငံအနေနဲ လက်ရှိမှာ တရုတ်တနိုင်ငံကိုပဲ  အဓိက ဆန်တင်ပို့မှု ရှိနေတာဖြစ်ပါတယ်။

လက်ရှိအနေအထားအရ မြန်မာနိုင်ငံ ဧည်မထကို သင်္ဘောတင် တတန်ကို ဒေါ်လာ ၃၄၀ ၀န်ကျင်ရောင်းချနေပြီး မူဆယ်ဘက်ကို ပို့ရင်တော့ တတန်ကို ၃၉၀ လောက်ပေါက် ဈေးရှိပါတယ်။

အိန္ဒိယနိုင်ငံကို ဘယ်လိုရောင်းချမလဲဆိုတာကိုတော့ မသိရသေးတဲ့အကြောင်း၊ ဒါပေမယ့် အိန္ဒိယဆီ ဈေးကွက်အသစ်တခုရရင်တော့ မြန်မာနိုင်ငံတောင်သူတွေအတွက်လည်း အကျူိုး ရှိနိုင်တယ်လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့  ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်မှာ ပြည်ပကို  ဆန်တင်ချိန်  ၁.၄၇ သန်း တင်ပို့ ရောင်းချနိုင်ခဲ့ပြီး ၀င်ငွေ အမေရိကန် ဒေါ်လာ  ၅၄၄ သန်းရရှိထားပါတယ်။  ၂၀၁၃ - ၁၄ ဘဏ္ဍာ နှစ်မှာတော့  ဆန်တန်ချိန်  ၁.၂၆ သန်းကို တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၀င်ငွေ အမေရိကန်ဒေါ်လာ ၄၆၀ ရရှိပါတယ်။

ဒီ ၂၀၁၄ - ၁၅ ဘဏ္ဍာနှစ်အတွက်ကတော့ ဧပြီလ ၁ ရက်နေ့ကနေ စက်တင်ဘာလ အထိ ဆန်တန်ချိန် ၅ သိန်း ၈ သောင်း တင်ပို့ရောင်း ချခဲ့ပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းက သိရပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013