DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားများ ဆက်လက်တိုးပွားနေ
DVB
·
September 8, 2014
နိုင်ငံရေးအကျဉ်းသားများ ဆက်လက်တိုးပွားနေ
Donate to DVB

မြန်မာနိုင်ငံမှာ ဦးသိန်းစိန် အစိုးရတက်လာပြီးတဲ့နောက် နိုင်ငံရေးအကျဉ်းသား အများအပြားကို  လွတ်ငြိမ်းခွင့်ပေး ခဲ့ပေမယ့် နောက်ထပ်ဖမ်းဆီး ထောင်ချနေမှုတွေကြောင့်  နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်   အကျဉ်းကျခံနေရတယ်လို့   နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

z4 copy၂၀၁၄ သြဂုတ်လကုန်ထိ ရရှိထားတဲ့ စာရင်းအရ မြန်မာနိုင်ငံ အကျဉ်းထောင်ထဲ မှာ နိုင်ငံရေးအကျဉ်းသား ၈၄ ဦး ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး လူထုအရေး တက်ကြွလှုပ် ရှား ဆောင်ရွက်သူ ၁၂၂ ဦးဟာလည်း တရားစွဲခံ အမှုရင်ဆိုင်နေ ရဆဲပဲလို့ အေအေပီပီက ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ၂၀၁၃ ခုနှစ်မှာ  နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမယ်လို့ ကတိက၀တ်ပြုခဲ့တဲ့အတိုင်း လွှတ်ပေးစေချင်တယ်လို့ အေအေပီပီ ပြောခွင့်ရ ဒေါ်ခင်ချိုမြင့်က ဒီဗွီဘီကို ပြောပါတယ်။

“သမ္မတကတော့ လွှတ်မယ်၊ ၂၀၁၃ မှာ အကုန်တယောက်မှမရှိစေရဘူးလို့ ပြောပေမယ့် အခုဟာက ဒီ၂၀၁၄ ပေါ့နော်၊ သူပြောတဲ့ အချိန်ကစပြီး ၂၀၁၄ ဆိုရင် ၈လ ရှိသွားပြီ။ ၂၀၁၃ ဒီဇင်ဘာမှာ ပြောထားတာ၊ ခုဆိုရင် ကျန်တဲ့အရေအတွက်မှာ ထပ်ထပ်တိုးလာတာပဲရှိတယ်၊ လုံးဝလွတ်သွားတာ မရှိဘူး။  ပြောထားတဲ့အတိုင်း လွှတ်ပေးမယ်ဆိုတော့ လွှတ်ပေးစေချင်တာပေါ့။”

နောက်ထပ်ဖမ်းဆီးခံရသူတွေထဲမှာ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို သုံးပြီး ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေ၊ လယ်သမားအရေးအတွက် ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေ၊ သတင်းထောက်တွေပါ ပါဝင်တယ်လို့ အေအေပီပီက ပြောပါတယ်။

၂၀၀၄ ခုနှစ်တည်းမှာတင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်ချမှတ်ခံရသူ ၂၈ ဦးရှိပြီး အဲဒီထဲကတဦး လွတ်မြောက်ကာ  ၅ ဦးကတော့ စစ်ကြောရေးမှာ ပြင်းထန်စွာ နှိပ်စက်ခံရတယ်လို့  အေအေပီပီရဲ့ ၂၀၁၄ သြဂုတ်လချုပ် စာရင်းရှင်းတမ်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေမှာ ပြန်လည်ဝင်ရောက်စိုက်ပျိုးခဲ့တဲ့ တောင်သူလယ်သမားတွေ ထောင်နဲ့ ချီပြီးတော့လည်း တရားစွဲခံထားရကြောင်း၊ တချို့ ထောင်ချခံထားရတာတွေလည်း ရှိနေတဲ့အတွက် ဒီစာရင်းတွေကိုလည်း ဆက်ပြီး ကောက်ယူနေတယ်လို့ အေအေပီပီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013