DVB Logo
Home
မြန်မာသတင်း
ရန်ကုန်၌ ပုဂ္ဂလိက ရေကစားမဏ္ဍပ် ဆောက်လုပ်လိုသူများကို စည်ပင် ဖိတ်ခေါ်
DVB
·
March 25, 2024
ရန်ကုန်၌ ပုဂ္ဂလိက ရေကစားမဏ္ဍပ် ဆောက်လုပ်လိုသူများကို စည်ပင် ဖိတ်ခေါ်
Donate to DVB

ရန်ကုန်မြို့မှာ ရေကစားမဏ္ဍပ် ဆောက်လုပ်လိုသူတွေအနေနဲ့ ဒီလကုန် နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဌာနက ကြေညာပါတယ်။

ရေကစားမဏ္ဍပ်တွေကို သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ဖျော်ဖြေရေးမဏ္ဍပ်တွေ ရေရရှိနိုင်ဖို့ အခြေအနေပေါ် မူတည်ပြီးလည်းကောင်း၊ ယာဉ်ကြောကျပ်တည်းမှု အခြေအနေပေါ် မူတည်ပြီးလည်းကောင်း၊ မဏ္ဍပ် အကြီး အလတ်တွေကို စနစ်တကျ နေရာချထားပေးမယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် သတ်မှတ်လျှောက်လွှာတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်း၊ တံတား) ဆီ မတ် ၃၁ ရက် နောက်ဆုံးထား လျှောက်ထားရမယ် ဆိုပြီး အသိပေးထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ မနှစ်ကလည်း ပုဂ္ဂလိက ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့်ကို ဖိတ်ခေါ်ခဲ့ပေမဲ့ စစ်တပ်နဲ့ပတ်သက်တဲ့ လုပ်ငန်းတချို့ကပဲ လျှောက်ထားခဲ့တာရှိပြီး ဒီနှစ်လည်း စိတ်ဝင်စားမှု မရှိကြဘူးလို့ အရင် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခဲ့ဖူးသူတချို့က ဆိုပါတယ်။

သင်္ကြန်မဏ္ဍပ် ကန်ထရိုက်လုပ်ခဲ့ဖူးသူတဦးက “မနှစ်ကလည်း အဝန်းဝိုင်းထဲမှာ သီးသန့်လက်မှတ်နဲ့ ဆော့ကစားရတဲ့ Event မျိုးတွေလောက်ရှိတာ။ ဒါကလည်း သူ့လူနဲ့သူ၊ လူတန်းစား သက်သက်အတွက်ပဲ။ ဟိုအရင်လို လမ်းမထက် မဏ္ဍပ်ကြီးတွေ ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ စီးပွားရေးအတွက်လည်း အဆင်မပြေသလို နိုင်ငံရေးအခြေအနေအရလည်း မလုပ်ချင်ကြဘူး” လို့ ပြောပါတယ်။

ရန်ကုန်တိုင်းစစ်ကောင်စီကတော့ ဒီနှစ်မှာ မြို့တော်ဝန်ရေကစားမဏ္ဍပ်နဲ့ ခရိုင်အလိုက် ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဌာနအတွင်း သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ရှိနေတာနဲ့အညီ သင်္ကြန်ပွဲမှာ လုံခြုံရေးကို အထူးအလေးထားဖို့ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်က သတိပေး ပြောဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက သင်္ကြန်ပွဲ စည်ကားအောင် ပြင်ဆင်ဆောင်ရွက်ပေမဲ့ ပြည်သူအများစုက ပါဝင်မှုမရှိတာကြောင့် ဌာနဝန်ထမ်းတွေနဲ့ စစ်တပ်ထောက်ခံသူတွေကို ဖိအားပေး ခေါ်ယူဆော့ကစားစေတာမျိုးတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013