DVB Logo
Home
မြန်မာသတင်း
တီးတိန်တွင် စစ်မှုထမ်းရန် လူစုဆောင်းနေသူ ၅ ဦးကို PDF-Zoland အဖွဲ့ ဖမ်းဆီး
DVB
·
March 25, 2024
တီးတိန်တွင် စစ်မှုထမ်းရန် လူစုဆောင်းနေသူ ၅ ဦးကို PDF-Zoland အဖွဲ့ ဖမ်းဆီး
Donate to DVB

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည် ဖော်ဆောင်နေသူ ငါးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ တီးတိန်မြို့နဲ့ တွန်းဇံမြို့မှာ အခြေစိုက်ဖွဲ့စည်းထားတဲ့ PDF-Zoland အဖွဲ့က ထုတ်ပြန်ပါတယ်။

မတ် ၂၅ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းဥပဒေ အသက်သွင်းနေသူ ငါးဦးကို သူတို့နေထိုင်ရာ နေအိမ်အသီးသီးမှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

PDF Zoland က ဖမ်းဆီးခဲ့တဲ့ အမျိုးသားငါးဦးကတော့ ကပ်ဆွင်းခွါလ် လက်ထောက် စည်ပင်အင်ဂျင်နီယာ၊ ခွါလ်လျန်းမုန် တိမွေးကု ဒုကြီးကြပ်၊ လျန်းလမ်ခိုင် ထွေအုပ် အုပ်စုစာရေး၊ ရှင်းခန့်ခွါလ် အားကစားမှူး၊ နန်ဆွင်းဂင့် လဝကအငယ်တန်းစာရေးတို့ ဖြစ်ပါတယ်။

PDF Zoland ပြန်ကြားရေးတာဝန်ခံက “သူတို့က စစ်မှုထမ်းဖို့ လူစုဆောင်းတဲ့နေရာမှာ ထဲထဲဝင်ဝင် ပါဝင်နေကြတာပါ။ ကျနော်တို့ နှစ်ခါ သတိပေးထားပြီးပြီ။ အဲဒါကို သူတို့က မလိုက်နာလို့ ထိန်းသိမ်းထားတာပါ။ အရေးယူမှု အပိုင်းကတော့ တခြားဌာနတွေက အဆင့်ဆင့် လုပ်ဆောင်သွားမှာပါ” လို့ ပြောပါတယ်။

မတ် ၁၈ ရက်က စတင်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ဝန်ထမ်းတွေက တီးတိန်မြို့ပေါ်က လမ်းသွားလမ်းလာ လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းဆောင်ဖို့ စာရင်းသွင်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

PDF-Zoland အနေနဲ့ စစ်မှုထမ်းဥပဒေမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို အကူအညီပေး ပူးပေါင်းနေသူတွေကို အရေးယူသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013