DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမှု ကြံ့ခိုင်ရေးပါတီ ထောက်ခံ
DVB
·
September 8, 2014
ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမှု ကြံ့ခိုင်ရေးပါတီ ထောက်ခံ
1 / 3
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ၂၀၁၄  ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပဖို့ ဆုံးဖြတ်လိုက်တာဟာ ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ လက်ရှိအာဏာရ   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်  ဦးသာဝင်းက ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ရန်ကုန်မြို့မှာ နိုင်ငံရေး ပါတီတွေနဲ့ မနေ့က တွေ့ဆုံခဲ့ပြီး ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ထုတ်ဖော် ကြေညာခဲ့ပါတယ်။

usdpနိုင်ငံရေးပါတီတွေအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲေ ကြာင့် ငွေကုန်လူ ပန်း ဖြစ်နိုင် တယ်၊ ရွေးကောက် တင်မြှောက်ခံရမယ့် လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ သက်တမ်းဟာလည်း ၁ နှစ်လောက်သာ တာဝန်ထမ်းဆောင်ရမယ်၊  ရွေးကောက် ပွဲအတွက် နိုင်ငံတော်ဘဏ္ဍာငွေလည်း ကျပ်ငွေ ၂ ဘီလီယံ ကျော် ကုန်ကျနိုင်တယ် စတဲ့ အချက်တွေကြောင့် ကြားဖြတ်  ရွေးကောက်ပွဲကို မကျင်းပတော့ဘူးလို့ ကော်မရှင်အကြီးအကဲက   ပြောကြားခဲ့တာပါ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုကော်မတီဝင်နဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းကတော့ ဒါဟာ ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့ ပြင်ဆင်ပြီးသားဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတာဟာ ပါတီရဲ့ တွန်းအားကြောင့် မဟုတ်ဘူးလို့ ဒီဗွီဘီကိုပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ယူအက်စ်ဒီပီ) ရဲ့ တွန်းအားတွေကြောင့်ဖြစ်မယ်လို့ ပြောဆိုဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့အပေါ် သူက တုံ့ပြန်ပြောကြားခဲ့တာပါ။

ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပဖြစ်တာဟာ ပါတီအတွက်  ထိခိုက်မူမရှိပဲ ၂၀၁၅ ရွေးကောက်ပွဲအတွက် အရှိန်မြှင့်သွားမယ်လို့ ဦးသာဝင်းက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဟာ တနိုင်ငံလုံး လစ်လပ်မဲဆန္ဒနေရာ ၃၅ နေရာအတွက် လာမယ့် နိုဝင်ဘာလကုန် ဒါမှ မဟုတ် ဒီဇင်ဘာလဆန်းမှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်လို့ အရင်က ကြေညာထားတာ ဖြစ်ပါတယ်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက လစ်လပ်မဲဆန္ဒနယ် ၄၅ ခုအနက် ၄၃ နေရာနဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့  မြန်မာပြည်ရဲ့ အဓိကအတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံကြောင်း မီဒီယာတွေကို ပြောကြားထားပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013