DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို Grade ဖြင့် ထုတ်ပြန်ရန် ညှိနှိုင်းဆဲသာဖြစ်
DVB
·
March 25, 2024
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို Grade ဖြင့် ထုတ်ပြန်ရန် ညှိနှိုင်းဆဲသာဖြစ်
Donate to DVB

၂၀၂၃-၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ Grade-12 အောင်စာရင်းကို Grade နဲ့ထုတ်ပြန်ဖို့အတွက် ညှိနှိုင်းဆဲသာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သိရပါတယ်။

လက်ရှိ အခြေခံပညာအသိုက်အဝန်းမှာ တက္ကသိုလ်ဝင်စာမေးပွဲကို အဆင့် A,B,C,D အဆင်ဖြင့် ထုတ်ပြန်ဖို့နဲ့ ယခင်နှစ်တွေအတိုင်းသာ ထုတ်ပြန်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အခုအချိန်အထိ အဲဒီကိစ္စကို မဆုံးဖြတ်ရသေးဘဲ သက်ဆိုင်ရာလူကြီးတွေ ညှိနှိုင်းနေဆဲဖြစ်ပြီး သတင်းထုတ်ပြန်ပေးမယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကတာဝန်ရှိသူတဦးက ပြောပါတယ်။

“စာစစ်လုပ်ငန်းတွေတော့ ဆောင်ရွက်နေပါပြီ။ အခုထွက်ပေါ်နေတဲ့ သတင်းတွေအပေါ် ကျမတို့လည်း အတည်မပြုနိုင်သေးပါဘူး။ သက်ဆိုင်ရာ လူကြီးတွေက ထုတ်ပြန်ပေးပါလိမ့်မယ်။” 

အခုအခါ အောင်စာရင်းရလဒ်တွေကို အဆင့် A , B , C , D ဆိုပြီးခွဲကာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပြီး အဆင့် D ရရှိသူတွေဟာ ဒီဂရီကောလိပ်နဲ့ အစိုးရစက်လက်မှုကျောင်းတွေကို တက်ရောက်ခွင့်ရမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာပါ။

ပြီးခဲ့တဲ့နှစ်ကအထိ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို ဂုဏ်ထူးရဘာသာရပ်၊ တနိုင်ငံလုံး အမှတ်အများဆုံးစာရင်းတွေနဲ့ ထုတ်ပြန်ပေးခဲ့ပေမဲ့ အခုနှစ်မှာတော့ အကြောင်းကြောင့် စာမေးပွဲမဖြေလိုက်ရသူတွေကို စာမေးပွဲဖြေဆိုဖို့ ထပ်မံအခွင့်အရေး ပေးမှာကြောင့် အောင်စာရင်းရလဒ်တွေဟာ အခြေအနေပေါ်မူတည်ပြီး ထုတ်ပြန်မယ်လို့ သိရပါတယ်။

“ခုံနံပါတ်နဲ့ နာမည်ရေးထားသူတွေလည်း အအောင်ပေးရမယ်ဆိုရင် အဲဒီစာမေးပွဲကို ဘယ်သူကမှ အသိအမှတ်မပြုပါဘူး” လို့ စာစစ်ဌာနက တာဝန်ရှိသူက ဆက်လက်ပြောဆိုပါတယ်။

စစ်ကောင်စီပညာရေးဌာနကတော့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးသူတိုင်းကို အထက်တန်းအဆင့် ပြီးဆုံးကြောင်း လက်မှတ်ပေးအပ်မှာဖြစ်ပြီး အဆိုပါလက်မှတ်တွေနဲ့ ပညာသင်ယူခွင့်တွေ ဆက်လက်ရရှိမယ်လို့ ကြေညာခဲ့ပါတယ်။

အခုနှစ်မှာတော့ စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသား ကျောင်းသူ ၁၄၀,၀၀၀ ကျော် စာရင်းပေးသွင်းပြီး ၁၂၀,၀၀၀ ဝန်းကျင်လောက်သာ ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းရလဒ်တွေကို နှစ်စဉ် ဇွန်လထဲမှာ ထုတ်ပြန်လေ့ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013