DVB Logo
Home
မြန်မာသတင်း
မယ်စဲ့တွင် KNPLF က စစ်အောင်နိုင်ရေးရန်ပုံငွေ ကောက်ခံ
DVB
·
March 25, 2024
မယ်စဲ့တွင် KNPLF က စစ်အောင်နိုင်ရေးရန်ပုံငွေ ကောက်ခံ
Donate to DVB

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မြို့ဖြစ်တဲ့ ကရင်နီပြည်နယ် မယ်စဲ့မြို့မှာ စျေးဆိုင်ရောင်းချသူတွေထံကနေ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) က စစ်အောင်နိုင်ရေး ရန်ပုံငွေ စတင်ကောက်ခံနေတယ်လို့ စျေးရောင်းချသူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက်က စတင်ကောက်ခံနေတာဖြစ်ပြီး ၃,၀၀၀ ကျပ်ကနေ ၁၀၀,၀၀၀ ကျပ်အထိ ဆိုင်အပေါ်မူတည်ပြီး ပေးဆောင်ရတာပါ။

စျေးဆိုင်အလတ်စားဖွင့်ထားသူတဦးက “ကျမတို့တော့ ဘယ်အဖွဲ့ရယ် မပြောတတ်ဘူး၊ မနက်ပိုင်းကြီး ဖြတ်ပိုင်းလာပေးပြီး လက်မှတ်ထိုးခိုင်းတယ်၊ ၃၀,၀၀၀ ကျပ် ပေးရတယ်။ ဒီမှာက စစ်ရှောင်တွေပဲများနေတော့ ပုံမှန်လို ရောင်းရတာမျိုး မရှိဘူးလေ။ အခက်အခ​ဲကတော့ အဲဒါပဲ၊ လစဉ်ဆို မလွယ်လောက်ဘူး” လို့ ‌ပြောပါတယ်။

မယ်စဲ့မြို့ကို ၂၀၂၃ ကတည်းက အပြီးတိုင် သိမ်းပိုက်ထားနိုင်တာဖြစ်ပြီး KNPP၊ ကလလတ၊ KNDF နဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပြီး အခုလို ငွေကောက်ခံတာနဲ့ ပတ်သက်ပြီး KNPLF ဘက်ကိုတော့ မေးမြန်းနိုင်ခြင်းမရှိပါဘူး။

စျေးဆိုင်ရောင်းချသူတဦးက “ကျမက ကုန်စိမ်းအဓိကပေါ့၊ ဒါပေမဲ့ ကုန်ခြောက်နည်းနည်း တင်ရောင်းတယ်။ အဲတုန်းကတော့ အခွန်ဆိုပြီး လာကောက်တယ်။ ၅,၀၀၀ပေးရတယ်။ စက်ချုပ်ဆိုင်က ၃,၀၀၀၊ ဟိုးကုန်စုံဆိုင်အကြီးဆို ၁၀၀,၀၀၀ ပေးရတယ်။ ကြိုတင်အစည်းအ​ဝေး ခေါ်မယ်ဆိုပြီး မပြောဘဲ အခွန်ထကောက်တော့ ပြည်သူတချို့လည်း မကျေနပ်ကြဘူးပေါ့။ ကျမကတော့ အလှူငွေအနေနဲ့ ထည့်လိုက်တာပဲ” လို့ ပြောပါတယ်။

အခွန်ငွေကောက်ခံတာနဲ့ ပတ်သက်ပြီး အခွန်ငွေတရပ် မသတ်မှတ်ဘဲ ၃,၀၀၀ ကျပ်ကနေ ၁၀၀,၀၀၀ အထိ ကောက်ခံတာကြောင့် အခွန်များများဆောင်ရတဲ့ ပြည်သူတွေအကြား ​ဝေဖန်မှု မြင့်တက်နေတယ်လို့ အခွန်ငွေ ၅၀,၀၀၀ ပေးဆောင်ရတဲ့ စျေးဆိုင်ဖွင့်ထားသူတဦးက ပြောပါတယ်။

မယ်စဲ့မြို့ဟာ တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်ထားနိုင်တဲ့ မြို့ ၄ မြို့ထဲက တမြို့အပါအဝင်ဖြစ်ပြီး ဒေသတွင်းမှာ စစ်မက်ဖြစ်ပွားတာမျိုး မရှိတော့ပေမဲ့ စစ်ကောင်စီက မကြာခဏဆိုသလို လေယာဉ်တွေနဲ့ လာရောက်ပစ်ခတ်တာမျိုး ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013