
စက်တင်ဘာ ၈ ရက်နေ့ မနက် ၇ နာရီခွဲအချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း၊ အရှေ့အလယ်ပိုင်း နဲ့ အနောက်ပိုင်းတို့မှာ တိမ်ထူထပ်နိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။
မြန်မာနိုင်ငံပေါ်မှာကတော့ တောင်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်ထူထပ်နေပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။
စက်တင်ဘာ ၉ ရက်နေ့
မြန်မာ့ပင်လယ်ပြင် အခြေအနေ ခန့်မှန်းချက် ကတော့ မြန်မာ့ကမ်းရိုး တန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ပါတယ်။
ရခိုင်ကမ်းရိုးတန်း တလျှောက်၊ မြစ်ဝ ကျွန်းပေါ် ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၃ ပေကနေ ၅ ပေလောက် မြင့်တက်နိုင်ပြီး ကျန် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၅ ပေကနေ ၇ ပေ လောက် မြင့်တက်နိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည် မြင့်တက်နိုင်မှုကတော့ လွန်ကဲအဆင့်ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၁၁ အောက်ကို ကျရောက်နိုင်တာကတော့ မြိတ်မြို့ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုးကတော့ ၉.၀ သာ ရှိနိုင်ပါတယ်။
ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ အညွှန်းကိန်းတန်ဖိုးတွေက လွန်ကဲအဆင့်ထက် မြင့်တက်နိုင်ပြီး ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၁ ကနေ ၁၃ ကျော် မြင့်တက်နိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျရောက်နိုင်တာကတော့ ထားဝယ်မြို့ ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၃.၃ ကျ ရောက်နိုင်ပါတယ်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ် ပေါ်နိုင်မှု ၃၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။
မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့ သေချာမှု ၄၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ မိုးရွာဖို့သေချာမှုအနေနဲ့ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။
မိုးရေချိန်ခန့်မှန်းချက်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာကနေ ၅၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။
မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာ နိုင်ပြီး မိုးရွာဖို့ သေချာမှု ၆၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၁ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။ မိုးရွာဖို့ သေချာမှု ၂၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။











