
တနိုင်ငံလုံးမှာ ယဉ်ကျေးမှု ၀န်ကြီးဌာနက သတ်မှတ်ထားတဲ့ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာ ဇုန်ပေါင်း ၄၆ ခုရှိပြီး ရန်ကုန်တိုင်း မှာ ၁၆ ခုနဲ့ အများဆုံးရှိနေတာ ဖြစ်ပါတယ်။
ကယားပြည်နယ်နဲ့ ချင်းပြည်နယ်ကလွဲပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေ မှာ ရှေးဟောင်းနေ ရာရှိတဲ့ဇုန်၊ ကာကွယ်ထိန်းသိမ်း ထားတဲ့ဇုန် နဲ့ ရှေးဟောင်းအ ထိမ်းအမှတ် အဆောက်အ အုံတည်ရှိရာ ဇုန်ဆိုပြီး ၄၆ ခု သတ်မှတ်ထားတာပါ။
ယဉ်ကျေးမှု အမွေအနှစ်ဒေသတွေမှာ ခွင့်ပြုချက်မရှိဘဲ မြေအသုံးချတဲ့လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရင် အရေးယူခံရမယ်လို့ ယဉ်ကျေးမှု ၀န်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။
ယဉ်ကျေးမှု ၀န်ကြီးဌာနက သတ်မှတ်ထားတဲ့ ယဉ်ကျေးမှုအမွေအနှစ်ဒေသတွေမှာ ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ ခွင့်ပြုချက်မရှိပဲ လူနေအိမ်ခြေအပါအ၀င် အဆောက်အအုံ သစ်တွေ၊ စက်ရုံ၊ ဟိုတယ်တွေဆောက်တာ၊ လမ်းဖောက်တာ၊ ဓာတ်တိုင်၊ ဆက်သွယ်ရေး တာဝါတိုင်တွေ စိုက်ထူတာ စတဲ့ မြေအသုံးချလုပ်ငန်းတွေ မလုပ်ဖို့ နိုင်ငံပိုင်သတင်းစာက ဒီနေ့ ကြေညာလိုက်တာပါ။
မြို့ဟောင်းတွေကိုတော့ သတ်မှတ်ချက် သုံးဆင့်လုံးနဲ့ ထိန်းသိမ်းထားတာဖြစ်ပြီး တကောင်း၊ အင်းဝ၊ မြေထူး၊ ပင်လယ်(မိုင်းမော) စတဲ့ ၁၅ မြို့ရှိပါတယ်။
မုံရွာခရိုင်နဲ့ ပခုက္ကူခရိုင်ထဲမှာရှိတဲ့ ပရိုင်းမိတ်ကျစ်ချောင် ၃၂ ခုကိုတော့ ကာကွယ်ထိန်းသိမ်းထားတဲ့ ဇုန်တွေအဖြစ် သတ်မှတ်ထားပါတယ်။
ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ သရေခေတ္တရာ၊ ဟန်လင်း စတဲ့ ပျူဒေသမှာ စားသောက်ဆိုင်နဲ့ ရိုးရာလက်ဆောင်ပစ္စည်းဆိုင်တွေ ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့လည်း နိုင်ငံပိုင် သတင်းစာမှာ ဒီနေ့ ဖော်ပြထားပါတယ်။











