DVB Logo
Home
သတင်းတို
E- lottery စနစ်လုပ်ရန် စီစဉ်နေ
DVB
·
September 8, 2014
E- lottery စနစ်လုပ်ရန် စီစဉ်နေ
Donate to DVB

လက်ရှိ ကျင့်သုံးနေတဲ့ စက္ကူအသုံးပြုအောင်ဘာလေ ထီစနစ်နေရာမှာ E- lottery စနစ် အသုံးပြုဖို့ စီစဉ်နေတယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဒီဗွီဘီကို ပြောပါတယ်။

Myanmar Lotteryလက်ရှိအသုံးပြုနေတဲ့ ထီဖွင့်တဲ့စနစ်မှာ ထီလက်မှတ် စောင်ရေ တိုးမယ်ဆိုရင် ၀ါဇီစက်ရုံကို ၆ လ လောက် ကြိုတင် မှာကြားရ တာ၊ အောက်ခြေ လက်လီထီရောင်းသူတွေ က သူတို့ နေ့တွက် ကိုက်အောင် ထီဈေးမြ`Sင့်ရောင်းတာကြောင့် ထီတစောင်ရောင်းဈေးနှုန်း ကြီးမြင့်နေတာ စတဲ့ ပြဿ      နာတွေ ကြုံရတယ်လို့ သူက ဆိုပါတယ်။

လက်ရှိ အာဆီယံနိုင်ငံတချို့နဲ့ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ E- lottery စနစ်နဲ့ ထီဖွင့်မယ် ဆိုရင် ပြည်သူတွေအနေနဲ့ ကုန်ကျစရိတ် သက်သက်သာနဲ့ ထီထိုးနိုင်ပြီး အစိုးရအတွက်လည်း အခွန်ဘဏ္ဍာငွေတွေ ပိုရနိုင်တယ်လို့ သူက ရှင်းပြပါတယ်။

လက်ရှိ ပြည်သူတွေဟာ ကျပ် ၂၀၀ တန် ထီတစောင်ကို ၃၀၀ ကျပ် ပေးဝယ်နေရတဲ့အတွက် ဆုကြေး ခံစားရရှိမှု အချိုးအစား နည်းပါးနေပြီး E- lottery စနစ်နဲ့သာဆို ထီဆုကို ၅၅ ရာခိုင်နှုန်း၊ အစိုးရအခွန် ၃၅ ရာခိုင်နှုန်းနဲ့ ဖြန့်ဖြူးရောင်းချသူတွေက ၁၀ ရာခိုင်နှုန်းစီ ရနိုင်တယ်လို့ ဦးမင်းထွဋ်က ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013