DVB Logo
Home
နိုင်ငံတကာ
Truth Social  မီဒီယာ၌ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကြောင့် ထရမ့် အမြတ်အစွန်း အကြီးအကျယ် ရနိုင်
DVB
·
March 23, 2024
Truth Social  မီဒီယာ၌ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကြောင့် ထရမ့် အမြတ်အစွန်း အကြီးအကျယ် ရနိုင်
Donate to DVB

လုပ်ငန်းဝယ်ယူရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီကြီး တခုက ဒေါ်နယ်ထရမ့်ရဲ့ Truth Social  လူမှုကွန်ရက် ကို ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံ တန်ဖိုးဖြတ်ပြီး ရင်းနှီးမြှုပ်နှံဖို့ နီးစပ်လာတဲ့အတွက် ထရမ့်အနေနဲ့ အမြတ်အစွန်းအကြီးအကျယ် ရနိုင်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဒီသဘောတူညီချက်အရ Truth Social မှာ ထရမ့်ရဲ့ ရှယ်ယာတန်ဖိုးဟာ ၃ ဒသမ ၃ ဘီလီယံ ရှိ လာမှာဖြစ်ပါတယ်။ 

နယူးယောက်မှာ တရားမ လိမ်လည်မှုနဲ့ ဒေါ်လာ ၄၅၄ သန်း ခံဝန်ငွေတင်ဖို့ အာမခံပေးမယ့် ကုမ္ပဏီ မရှိဖြစ်နေတဲ့ ထရမ့်အတွက် ဒီသဘောတူညီချက်ကနေ ဘဏ္ဍာရေးအကျိုးအမြတ် အကြီးအကျယ် ရဖို့ ရှိနေပါတယ်။ 

ထရမ့်ကတော့ သူ့မှာ ကိုယ်တိုင်လုပ်ကိုင်ရှာဖွေထားတဲ့ ငွေသားချည်းပဲ ဒေါ်လာ သန်း ၅၀၀ နီးပါးရှိတယ်လို့ သူ့ Truth Social လူမှုကွန်ရက်မှာ ရေးထားပါတယ်။  

Digital World Acquisition Corp (DWAC) ကုမ္ပဏီက ရင်းနှီးမြှုပ်နှံသူတွေဟာ ထရမ့်ရဲ့ Trump Media & Technology Group (TMTG) ကို  ဝယ်ယူပူးပေါင်းပြီး စတော့စျေးကွက်တင်ဖို့ မတ် ၂၂ ရက်မှာ မဲခွဲအတည်ပြုခဲ့တာဖြစ်ပါတယ်။ 

လာမယ့် ရက်သတ္တပတ်ကျရင် သဘောတူညီချက်ကို အပြီးသတ်နိုင်ဖို့မျှော်လင့်ထားပေမဲ့ ရှယ်ယာ ခံစားခွင့်နဲ့ပတ်သက်ပြီး အငြင်းပွားမှု တချို့တော့ ရှိနေပါတယ်။ 

တကယ်လို့ အဆင်ပြေသွားရင်တောင် ထရမ့်ဟာ သူပိုင်ရှယ်ယာတွေကို ၆ လအတွင်း ရောင်းချခွင့် ရှိမှာ မဟုတ်သလို၊ အဲဒီရှယ်ယာတွေကို အပေါင်ထားပြီး ချေးငှားခွင့် ရှိဦးမှာ မဟုတ်ပါဘူး။ 

ဒါပေမဲ့ ဒီသဘောတူညီချက်ကြောင့် Truth Social ရဲ့ မိခင်ကုမ္ပဏီ TMTG ထဲကို ဒေါ်လာ သန်း ၃၀၀ လောက် ငွေသားဝင်လာမှာဖြစ်ပါတယ်။ 

Truth Social  ဟာ ပထမ ၉ လ လည်ပတ်မှုအတွင်း ဝင်ငွေ ဒေါ်လာ ၃ ဒသမ ၄ သန်းပဲ ရှိခဲ့ပြီး ၁၀ သန်းကျော် အရှုံးပေါ်ထားပါတယ်။ 

စတော့ရှယ်ယာနဲ့ အစားပြန်ပေးမဲ့ ငွေချေးစာချုပ်တွေနဲ့ ဒေါ်လာ သန်း ၄၀ ချေးယူပြီး လုပ်ငန်း လည်ပတ် နေရတာ ဖြစ်ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013