DVB Logo
Home
နိုင်ငံတကာ
EU ထိန်းချုပ်ထားသည့် ရုရှားပိုင်ဆိုင်မှုများဖြင့် ယူကရိန်းအတွက် လက်နက်ဝယ်ပေးသင့်ဟု ဂျာမနီ ပြော
DVB
·
March 22, 2024
EU ထိန်းချုပ်ထားသည့် ရုရှားပိုင်ဆိုင်မှုများဖြင့် ယူကရိန်းအတွက် လက်နက်ဝယ်ပေးသင့်ဟု ဂျာမနီ ပြော
Donate to DVB

EU နိုင်ငံတွေက ထိန်းသိမ်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကနေ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ယူကရိန်းအတွက် လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေ ဝယ်ယူအသုံးပြုဖို့ ဆုံးဖြတ်သင့်ကြောင်း ဂျာမန်အဓိပတိ အိုလာ့ဖ် ရှို့လ်ဇ်က မတ် ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။

သူဟာ ခေါင်းဆောင်တွေ စည်းလုံးညီညွတ်မှုရဲ့ အခွင့်အလမ်းတွေအပေါ် အကောင်းမြင်ထားကြောင်းလည်း ဘရပ်ဆဲလ်ရှိ EU ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ ရှို့လ်ဇ်က ပြောသွားတာပါ။

ဒါဟာ ပူတင်ကို ဒီနေရာကနေ ရှင်းရှင်းလင်းလင်း အချက်ပြလိုက်တာလည်းဖြစ်ပြီး ယူကရိန်းကို လိုအပ်သလောက်ပမာဏ မထောက်ပံ့နိုင်ဘူးလို့ သူယုံကြည်ထားတာဟာ အတွက်လွဲမှားသွားတာပဲလို့လည်း ဆိုပါတယ်။

ပြီးတော့ ဒီ မမျှော်လင့်ထားတဲ့ ငွေကြေးအကျိုးအမြတ်ကို အသုံးပြုလိုက်တာက သေးငယ်ပေမဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတခုပါပဲလို့ ရှို့လ်ဇ်က ပြောသွားပါတယ်။

ကရင်မလင်နန်းတော်ကလည်း တကယ်လို့ ဥရောပသမဂ္ဂဟာ ထိန်းသိမ်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေက အမြတ်ငွေတွေနဲ့ ယူကရိန်းအတွက် လက်နက်တွေဝယ်ယူမယ်ဆိုရင် ရုရှားဟာ သူ့ကိုယ်ပိုင်အကျိုးစီးပွားနဲ့အညီ လက်တုံ့ပြန်တဲ့ အစီအမံတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပြီး တရားဥပဒေဆိုင်ရာ ယန္တရားအားလုံးကိုလည်း လက်တွေ့အသုံးချသွားမှာဖြစ်ကြောင်း မတ် ၂၁ ရက်က ပြောကြားခဲ့ပါတယ်။

ဒီကိစ္စကို ဆွေးနွေးရမယ့် EU ခေါင်းဆောင်တွေရဲ့ အစည်းအဝေး မတိုင်ခင်မှာ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က သတင်းထောက်တွေကို ပြောသွားတာပါ။

ပုံမှန်အားဖြင့် ဖြစ်နိုင်ခြေရှိတဲ့ တရားစီရင်ရေး ယန္တရားတွေအားလုံး၊ အခုရနိုင်တာတွေရော၊ အနာဂတ်မှာ ရလာနိုင်တာတွေရော အသုံးပြုလိမ့်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အပြန်အလှန် တုံ့ပြန်မှုအပေါ် အခြေခံပြီး သဘောကောင်းပြနေမှာ မဟုတ်ဘဲ ရုရှားရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ နည်းလမ်းမျိုးစုံကို ရွေးချယ်သွားမှာပါလို့လည်း ဆိုပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013